Skip to main content

၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ရရှိသူများ “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည်ညို

နေပြည်တော် ဒီဇင်ဘာ ၁

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ၂၀၂၁ ခုနှစ်၊ သာသနာ တော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ်ချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ပြီး အခမ်းအနားအပြီးတွင် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာနုဂ္ဂဟဘွဲ့တံဆိပ် ရရှိသူများသည် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်တော်တွင် တည်ထား ပူဇော်မည့် “မာရဝိဇယ ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး ထုဆစ်ခြင်းနှင့် တည်ထားကိုးကွယ်ရန် ဆောင် ရွက်နေမှု အခြေအနေများအား သွားရောက်ကြည်ညိုကြသည်။ ဦးစွာ ၂၀၂၁ ခုနှစ်၊ သာသနာ တော်ဆိုင်ရာ သာသနာနုဂ္ဂဟ ဘွဲ့တံဆိပ် ရရှိသူများအား ရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ရေး ရှင်းလင်းဆောင်တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ကံမြင့်သန်း ကမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးတည်ထားကိုးကွယ် နိုင်ရေးအတွက် စကျင်ကျောက်တော်ကြီး တူးဖော်ခဲ့သည့် အခြေအနေ၊ နေပြည်တော်သို့ ပင့်ဆောင်ခဲ့သည့် အခြေအနေ၊ ပလ္လင်တော်နှင့် ကိုယ်ထည်ပိုင်းတို့အား ထုဆစ်ခြင်းနှင့် တွဲဆက်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိသည့် အခြေအနေ၊ ပိဋကတ်သုံးပုံ ကျောက်စာများကို ကျောက်စာချပ်များပေါ်၌ ရေးထိုးပူဇော်နိုင်မည့် အခြေအနေ၊ တည်ဆောက်ပူဇော်ရေး  လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် ၂၀၂၁ ခုနှစ်၊ သာသနာတော်ဆိုင်ရာ သာသနာ နုဂ္ဂဟဘွဲ့တံဆိပ် ရရှိသူများသည် ဗုဒ္ဓဥယျာဉ်တော်အတွင်း လှည့်လည်၍ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်နေမှု အခြေအနေ များအား လိုက်လံကြည့်ရှု ကြည်ညိုခဲ့ကြကြောင်း သတင်းရရှိသည်။

သတင်းစဉ်