Skip to main content

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် စေတနာရှင်ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ၊ ဆေး၊ အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်   ဒီဇင်ဘာ      

တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ အနန်းပင် ရပ်ကွက်ရှိ ရွှေဥမင်တောရစာသင်တိုက်၊ မှော်ဘီမြို့နယ် ရှမ်းကုန်းကျေးရွာရှိ ရှမ်းကုန်းပရိယတ္တိ စာသင်တိုက်၊ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ရှိ နှစ်ကျိပ်ရှစ်ဆူတောရရ ခိုင်ကုန်းတပ်ဦးကျောင်းတိုက်၊ ပုသိမ်မြို့ရှိ နိဓါရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် ကျောင်းတိုက်စံပြ ကျေးရွာရှိ မဟာသန္တိသုခ ကျောင်းတိုက်၊ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်ရှိ သန္တိသုခငြိမ်းချမ်းရေး ကျောင်းတိုက်တို့ရှိ ဆရာတော်၊ သံဃာတော်များနှင့် သာသနာ့နွယ်ဝင်သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲအမယ်လေးမျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် အသီးသီးမှတာဝန်ရှိ သူများကသွားရောက်ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိ သည်။

သတင်းစဉ်