နေပြည်တော် နိုဝင်ဘာ ၃၀
CRPHနှင့်NUG အမည်ခံအကြမ်းဖက်အဖွဲ့များသည် အလုံးစုံပျက်သုဉ်းရေး ဦးတည်ချက်များဖြင့် PDF အမည်ခံအကြမ်းဖက်အဖွဲ့ကို ဖွဲ့စည်း၍ အချို့သော ဒေသများတွင် အေးချမ်းစွာနေ ထိုင်ကြသော ပြည်သူ များကိုအကြောင်းပြချက်မျိုးစုံဖြင့် စွပ်စွဲသတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အဦများ၊ အများပြည်သူနှင့် သက်ဆိုင်သော ဆေးရုံများ၊ ကျောင်းများ၊ နေအိမ် များ၊ ကျေးရွာများ၊ ဈေးများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကပိုင်ဘဏ်များ၊ ဌာနဆိုင်ရာရုံးများ၊ နိုင်ငံ တော်ပိုင်ပစ္စည်းများနှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများအား မိုင်းထောင်ဖောက်ခွဲမှု၊ မီးရှို့ ဖျက်ဆီးခြင်းနှင့် ပစ္စည်းများ လုယက်ခြင်းစသည့် အဖျက်အမှောင့်လုပ်ရပ် များကို ကျူးလွန်လျက်ရှိသည်။
ထိုသို့ အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းစသည့် အကြမ်းဖက် လုပ်ရပ်များ လုပ်ဆောင်ခဲ့ခြင်းကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ နိုဝင်ဘာ ၂၀ ရက်အထိ စူပါမားကတ်၁၂ ခု ပျက်စီးဆုံးရှုံးခဲ့ရမှုကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-
၁-၂-၂၀၂၁ ရက်မှ ၂၀-၁၁-၂၀၂၁ ထိ အကြမ်းဖက်သမားများကြောင့် စူပါမားကတ် ပျက်စီးဆုံးရှုံးမှု အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်ပိုင်နှင့် ပုဂ္ဂလိကပိုင်ပစ္စည်းများအား ယခုကဲ့သို့ မိုင်းထောင်ဖောက်ခွဲ၊ မီးရှို့ ဖျက်ဆီးခြင်းများ လုပ်ဆောင်နေမှုအပေါ် ပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့် နိုင်ငံတော်ဖွံ့ဖြိုး တိုးတက် ရေးနှင့် တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက် သမားများ၏ လှုပ်ရှားမှု သတင်းများကို ရရှိပါက နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံသို့ လျှို့ဝှက်စွာ ဆက်သွယ် သတင်းပေးပို့၍ အကြမ်းဖက် သမားများ ရပ်တည်မှုမရှိနိုင်သည်အထိ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက် သွားကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်ထားကြောင်း သိရသည်။
သတင်းစဉ်