Skip to main content

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အဖွဲ့ဝင်များနိုင်ငံ့ဝန်ထမ်းပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့် အရာထမ်းရာထူးများအတွက် ရေးဖြေစာမေးပွဲ ကျင်းပဖြေဆိုမှုများကို စာစစ်ဌာနအလိုက် လှည့်လည်ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၂၇

ပြည်ထောင်စု ရာထူးဝန်အဖွဲ့၏ ကြော်ငြာစာအမှတ် ၂/၂၀၂၀ နှင့် ၅/၂၀၂၁ ပါ နိုင်ငံခြားရေးဝန်ကြီး ဌာန၊ စီမံကိန်းနှင့်စီမံရေးရာဦးစီး ဌာန၊ ဌာနစုမှူး(၂)/တတိယ အတွင်းဝန် (အမျိုးသား၊ အမျိုး သမီး) ရာထူး ၃၅ နေရာအတွက် ပြန်တမ်းဝင်အဆင့် စတင်ခန့် အရာထမ်းရာထူးများ ရွေးချယ် ပေးရန် ရေးဖြေစာမေးပွဲကို ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် နှင့်အညီ နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ မကွေးနှင့် မော်လမြိုင်မြို့ တို့ရှိ စာစစ်ဌာနငါးခု၌ နိုဝင်ဘာ ၂၇ ရက်နှင့် ၂၈ရက်တို့တွင် တစ်ပြိုင် တည်း ကျင်းပလျက်ရှိသည်။

အဆိုပါ ရေးဖြေစာမေးပွဲ ကျင်းပနေမှုများကို ပြည်ထောင်စု ရာထူးဝန်အဖွဲ့မှ အဖွဲ့ဝင် ဦးဆန်း မြင့် သည် မန္တလေးတိုင်းဒေသကြီး မန္တလေးမြို့ အမှတ်(၈) အခြေခံ ပညာ အထက်တန်းကျောင်း၊ မန္တလေးစာစစ်ဌာနသို့ လည်းကောင်း၊ အဖွဲ့ဝင် ဦးရဲနိုင်သည် နေပြည်တော် အမှတ်(၃) အခြေခံ ပညာ အထက်တန်းကျောင်း (ရွာတော်) နေပြည်တော် စာစစ် ဌာနသို့လည်းကောင်း၊ အဖွဲ့ဝင် ဦးစိုးတင့်သည် ရန်ကုန်တိုင်းဒေသ ကြီး ဗိုလ်တထောင်မြို့နယ် အမှတ်(၆) အခြေခံပညာ အထက် တန်းကျောင်း ရန်ကုန်စာစစ်ဌာန သို့ လည်းကောင်း၊ အဖွဲ့ဝင် သူရဦးဘိုနီသည် မကွေးတိုင်း ဒေသကြီး မကွေးမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း မကွေးစာစစ်ဌာနသို့ လည်းကောင်းစာမေးပွဲဖြေဆိုမှုကို ကြည့်ရှုစစ်ဆေးပြီး ဖြေဆိုသူများ ကိုအားပေးစကား ပြောကြားသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့ အနေဖြင့် ဝန်ကြီးဌာနနှင့် အဖွဲ့ အစည်း အသီးသီးအတွက် လိုအပ်သော အရည်အသွေးမြင့် ပြန်တမ်း ဝင်အဆင့် စတင်ခန့် အရာထမ်း ရာထူးများကို ရွေးချယ်ပေးလျက် ရှိရာ အရည်အချင်းကို အခြေခံ၍ လူမှန်၊ နေရာမှန်ဖြစ်စေရေး အတွက် ရွေးချယ်ရေး လုပ်ငန်းစဉ် များကို အဆင့်မြှင့်တင် ဆောင် ရွက်လျက်ရှိပြီး ယခုရေးဖြေ စာမေးပွဲသို့ လာရောက်ဖြေဆိုကြ သူ စုစုပေါင်း ၅၆၅ ဦးရှိကြောင်း သိရသည်။

သတင်းစဉ်