နေပြည်တော် နိုဝင်ဘာလ ၂၇
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်း များမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းနှင့် မူဆယ်၊ ချင်းရွှေ ဟော်စခန်း (၂) ခုတို့မှ တင်သွင်းရာ ကုမ္ပဏီ(၂)ခုမှ ယာဉ်စီးရေ (၂) စီးဖြင့် အိမ်သုံးအောက်ဆီဂျင် စက် (Oxygen Concentrator) (၂၀)၊ နှာခေါင်းစီး(Mask)(၁၆)တန်တင်သွင်းခဲ့သည်။
နိုဝင်ဘာ (၁) ရက်မှ (၂၇) ရက်အတွင်း ကုမ္ပဏီ(၆၆)ခုမှ ယာဉ်စီးရေ (၁၂၅)စီးဖြင့် အောက်ဆီဂျင် အရည်(Bowser) ယာဉ်ဖြင့် (၃၂၇)တန်၊ အောက်ဆီဂျင်ဓါတ်ငွေ့(Bowser) ယာဉ်ဖြင့် (၅ ဒသမ ၅)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၉၇၃၈)ခု၊ OxygenPlant(၄၅)ခု၊ လုပ်ငန်းသုံး အောက်ဆီ ဂျင်စက် (၁၆)ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၁၄၃)ခု၊ PPE ဝတ်စုံ (၈၃၄၈၀) ၊ လက်အိတ် (၄၃)တန်နှင့် နှာခေါင်းစည်း(Mask)(၇၀၅)တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
နိုဝင်ဘာ(၁)ရက်မှ (၂၇)ရက်အတွင်း ပြည်ပမှတင်သွင်းသည့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်စုစုပေါင်း (၁၆)စီးမှာ ရန်ကုန်မြို့သို့ (၁၃)စီး၊ မော်လမြိုင်မြို့သို့ (၂)စီးနှင့် နေပြည်တော် သို့ (၁) စီးဖြစ်ပြီး Oxygen Plant စုစုပေါင်း (၄၅) ခုမှာရန်ကုန်မြို့သို့ (၃၇) ခု၊ ရေစကြိုမြို့၊ မြို့သစ်မြို့၊ မြစ်ကြီးနားမြို့ တို့သို့ (၂)ခုစီနှင့် ဓနုဖြူမြို့၊ ရေနံချောင်းမြို့တို့သို့ (၁)ခုစီ ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများ နှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာချက်များကို လည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။
သတင်းစဉ်