နေပြည်တော် နိုဝင်ဘာ ၂၆
မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီ (National Seed- Related Committee, NSC) ၏ အကြိမ် (၂၀) “မြောက် အစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ၌ အွန်လိုင်း စနစ်ဖြင့်ကျင်းပရာ မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဒေါက်တာ “အောင်ကြီးနှင့် ကော်မတီဝင်များ၊ သီးနှံကျွမ်းကျင်မှုဆိုင်ရာလုပ်ငန်းအဖွဲ့များမှ အဖွဲ့ခေါင်းဆောင်များနှင့် သီးနှံကျွမ်းကျင်ပညာရှင် များ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်တွင်းစိုက်ပျိုးရေးကဏ္ဍ အတွက် မျိုးစေ့လိုအပ်ချက်ကို ပြည်ပတင်သွင်းမှု လုပ်ငန်းများ အပြင် ပြည်တွင်းမျိုးစေ့ကုမ္ပဏီများ၊ လုပ်ငန်းရှင်များမှ အရည်အသွေးကောင်းမျိုးစေ့များ စိုက်ပျိုးထုတ်လုပ် လာနိုင်ရေးနှင့် မျိုးစေ့ထုတ်လုပ်မှု လုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက် လာစေရေးကို တစ်ဖက်တစ်လမ်း မှ အားပေး ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူများ မျိုးစေ့လိုအပ်အချိန်တွင် လိုအပ်သည့်ပမာဏကို ဈေးနှုန်းချိုသာစွာဖြင့် လွယ်ကူစွာ ဝယ်ယူအသုံးပြုနိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း၊ ယနေ့ကျင်းပသည့် မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ အကြိမ်(၂၀) မြောက်အစည်းအဝေးတွင် သီးနှံကျွမ်းကျင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် မျိုးစေ့ကျွမ်းကျင်မှုဆိုင်ရာ ကော်မတီတို့ကမျိုးစေ့ဥပဒေ၊ လုပ်ထုံးလုပ် နည်းများနှင့်အညီ အဆင့်ဆင့်စိစစ်ပြီး သဘောထားမှတ်ချက် များဖြင့် တင်ပြထားသော စမ်းသပ် စိုက်ပျိုးသီးနှံ လေးမျိုး၏ မျိုးသစ်မျိုးကွဲ ၁၀ မျိုး၊ မှတ်တမ်းပြုစု ထားသော သီးနှံ ၁၀ မျိုး၏ မျိုးသစ်မျိုးကွဲ ၂၆ မျိုးနှင့် မိဘမျိုးလိုင်း သုံးစုံ၊ စုစုပေါင်း ၃၉ မျိုးတို့ကို မျိုးသစ် အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ရေး ဆွေးနွေး ကြသည်။
ဌာနများ၊ အဖွဲ့အစည်းများ၊ ကုမ္ပဏီများက တင်ပြလာသော မျိုးသစ်များကို စိစစ်သုံးသပ်ပြီး မျိုးသစ်အသိ အမှတ်ပြုလက်မှတ်များ ထုတ်ပေး လာခဲ့ရာ မျိုးစေ့ဆိုင်ရာအမျိုးသားကော်မတီ၏ (၁၉) ကြိမ်မြောက် အစည်းအဝေးအထိ သီးနှံ ၇၆ မျိုး၏ မျိုးကွဲ ၁၂၈၄ မျိုးနှင့် မိဘမျိုးလိုင်း ၁၆၅ စုံ၊ စုစုပေါင်း ၁၄၄၉ မျိုးကို စိစစ်ထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ အသစ်ထွက် ပေါ်လာလျက်ရှိသည့် မျိုးသစ်မျိုး များကို အခြားနိုင်ငံမှ တောင်သူများနည်းတူ ပြည်တွင်းရှိ တောင်သူများ အချိန်နှင့်တစ်ပြေးညီ အသုံးပြုနိုင်ရေးအတွက် မျိုးသစ်များ မှတ်ပုံတင်နိုင် ရေးလုပ်ငန်းများကို မျိုးစေ့ဆိုင်ရာ အမျိုးသားကော်မတီက စိစစ်ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်