တပ်ကုန်း နိုဝင်ဘာ ၂၂
တပ်ကုန်းမြို့နယ် ရေအေးကျေးရွာတွင် ယနေ့မွန်းတည့် ၁၂ နာရီ အချိန်ခန့်က လက်လုပ်မိုင်းထောင်ကာ ဖောက်ခွဲဖျက်ဆီးရေးလုပ်ဆောင်တတ်သူ ဝေဖြိုးအောင်အား ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။
ဝေဖြိုးအောင်၏ ထွက်ဆိုချက်အရ ၄င်းသည် ၂၀၂၁ ခုနှစ် မေလကုန်ခန့်က ရေတာရှည်မြို့နယ် တောင်ပေါ်ဒေသ၌ ဖွင့်လှစ်သည့် PDF သင်တန်းအမှတ်စဉ်(၂)ကို တက်ရောက်ခဲ့သူဖြစ်ပြီး အကြမ်းဖက်ဖောက်ခွဲရာတွင် အသုံးပြုရန် ပေါက်ကွဲစေတတ်သော ပစ္စည်းများအား ၄င်း၏နေအိမ်တွင်သိမ်းဆည်းထားကြောင်း စစ်ဆေးသိရှိရသဖြင့် ၄င်း၏ နေအိမ်အတွင်း သွားရောက်ရှာဖွေရာ လက်လုပ်ဗုံး (၂) လုံး၊ စနက်တံ (၃)ချောင်း၊ ယမ်းကြိုးခွေ အသေး (၁) ခွေတို့နှင့်အတူ အခြားဖောက်ခွဲရေးသုံး ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့သည်။
အဆိုပါ အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန် ဖောက်ခွဲဖျက်ဆီးရေးလုပ်ငန်းများ လုပ်ကိုင်တတ်သူ ဝေဖြိုးအောင်အား ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။