Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင် လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (၁/၂၀၂၁) သို့ တက်ရောက်

နေပြည်တော်  နိုဝင်ဘာ  ၂၂

အလုပ်သမားဝန်ကြီးဌာန လူမှုဖူလုံရေးအဖွဲ့၏ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (/၂၀၂၁)ကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန စုဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများ၊ အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ဝင် အစိုးရကိုယ်စားလှယ်များ တက်ရောက်ကြပြီး၊ အလုပ်ရှင်၊ အလုပ်သမားအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက Online မှ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး က လူမှုဖူလုံရေးအဖွဲ့သည် အလုပ်ရှင်နှင့် အလုပ်သမားများအတွက် နိုင်ငံတကာလူမှုဖူလုံရေးအဖွဲ့ များကဲ့သို့ ဆောင်ရွက်နိုင်ရေး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှု ()ရပ် ဖြစ်သည့် သတင်းအချက် အလက်နှင့်နည်းပညာကဏ္ဍပြုပြင်ပြောင်းလဲခြင်း (IT Reform) ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်ကဏ္ဍပြုပြောင်းလဲခြင်း (Medical Reform) စီမံခန့်ခွဲရေးကဏ္ဍပြုပြင် ပြောင်းလဲခြင်း (Administrative Reform)နှင့် ဥပဒေရေးရာကဏ္ဍပြုပြင်ပြောင်းလဲခြင်း (Legal Reform) တို့ကို နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။

ရန်ကုန်မြို့၊ မန္တလေးမြို့နှင့်ထန်းတပင်မြို့တို့ရှိ အလုပ်သမားဆေးရုံကြီးများတွင် ကိုဗစ်-၁၉ Positive လူနာများထားရှိကုသနိုင်ရန် ကုသဆောင်များကို ပြင်ဆင်ထားရှိပြီး ကုသပေးလျက်ရှိသည့်အပြင် ကိုဗစ်-၁၉  ကာလအတွင်း PUI လူနာများကို နှာခေါင်းနှင့်အာခေါင်တို့ပတ်ယူခြင်းနှင့် လိုအပ်သော  ဓါတ်ခွဲစမ်းသပ်မှုများ ပြုလုပ်ပေးပြီး လိုအပ်ပါက ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့်ဆေးရုံများသို့ လွှဲပြောင်းပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း။

ကိုဗစ်-၁၉ ပထမလှိုင်း ကာလအတွင်း လူမှုဖူလုံရေးထောက်ပံ့ကူညီမှု အကျိုးခံစားခွင့် ၄၀ရာခိုင်နှုန်း ပေးအပ်မှုအနေဖြင့် ယာယီပိတ်ထားခဲ့သည့် စက်ရုံ၊   အလုပ်ရုံနှင့် အလုပ်ဌာနပေါင်း (,၀၁၇) ဌာန၊ အလုပ်သမားပေါင်း (၈၅၇,၇၅၇) ဦးတို့အတွက် ငွေကျပ်သန်း(၂၁,၆၂၇ ဒသမ ၀၉၀) အား ခွင့်ပြု ထုတ်ပေးခဲ့ပြီး ဒုတိယလှိုင်း ကာလအတွင်းတွင် စက်ရုံ၊ အလုပ်ရုံနှင့် အလုပ် ဌာနပေါင်း (,၁၁၆) ဌာန၊ အလုပ်သမားပေါင်း (၇၆၈,၆၈၄)ဦးတို့အတွက် ငွေကျပ်သန်း (၄၈,၇၁၃ ဒသမ ၉၉၅)ကို ခွင့်ပြုထုတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ထို့အပြင် ကျန်ရှိနေသည့် အလုပ်ဌာနများမှ အာမခံ အလုပ်သမားများကို ဆက်လက်ခွင့်ပြုထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်ပေးလျက် ရှိကြောင်း။

၂၀၂၁ ခုနှစ်၊ မတ် ၁၄ ရက်မှ ၂၀၂၁ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်အထိ ရှို့မီးကြောင့် မီးလောင်ဆုံးရှုံးခဲ့သည့် စက်ရုံ၊ အလုပ်ရုံ (၂၂) ရုံမှ အလုပ်လက်မဲ့ဖြစ်သွားသော အလုပ်သမား (၁၄,၄၉၄) ဦးအတွက် လုပ်ခလစာ၏ ၄၀ရာခိုင်နှုန်းကို လူမှုဖူလုံရေးထောက်ပံ့ငွေအဖြစ် ကျပ်သန်း (၈၂၈ ဒသမ ၅၅၁)ကို ခွင့်ပြုထုတ်ပေးခဲ့ကြောင်း၊ ကိုဗစ်-၁၉ကာလအတွင်း ရောဂါ ကူးစက်မှု ကာကွယ်နိုင်ရန်အတွက် လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသည့် အာမခံအလုပ် သမားအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့တွင် နိုဝင်ဘာ ၁၈ ရက်အထိ ပထမအကြိမ် ထိုးနှံပြီး ဦးရေ (၅၄၈,၈၆၇) ဦး၊ ဒုတိယအကြိမ်ထိုးနှံပြီးဦးရေ (၃၃၃,၇၂၈) ဦး၊ စုစုပေါင်း (၈၈၂,၅၉၅) ဦး ထိုးနှံပေးခဲ့ပြီး  အာမခံအလုပ်သမားများအားလုံး ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြား သည်။

ဆက်လက်၍ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် က ယခင် (/၂၀၂၀) အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော်ပြီးစီးမှု၊ လူမှုဖူလုံရေးအဖွဲ့၏ လုပ်ငန်းဆောင်ရွက် မှုများနှင့် ရှေ့လုပ်ငန်းစဉ်များနှင့်ဆုံးဖြတ်ရန် အမှာစာများကို  ရှင်းလင်းတင်ပြပြီး လူမှုဖူလုံရေးအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက သက်ဆိုင်ရာဌာနခွဲများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြကြသည်။ 

ယင်းနောက် ဒုတိယဝန်ကြီးက ဆွေးနွေးတင်ပြီး အစည်းအဝေးတက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများက အမှာစာများနှင့် ဆုံးဖြတ်ရန်အချက်များကို ထောက်ခံအတည်ပြု ဆွေးနွေးတင်ပြကြသည်။

ဆက်လက်၍ အလုပ်ရှင်ကိုယ်စားလှယ် မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်း၊ ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံတောင်သူလယ်သမားစိုက်ပျိုးရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းဆိုင်ရာ အလုပ် သမား သမဂ္ဂများအဖွဲ့ချုပ် (AFFM-IUF)မှ အထွေထွေအတွင်းရေးမှူးနှင့် အလုပ်သမားကိုယ်စားလှယ် မြန်မာနိုင်ငံပင်လယ်ကူးသင်္ဘောသားအလုပ်သမားများအဖွဲ့ချုပ်(MSF)မှ ဥက္ကဋ္ဌတို့က လိုအပ်သည် များကို ရှင်းလင်းတင်ပြကြပြီး လူမှုဖူလုံရေးအဖွဲ့၊ ညွှန်ကြားရေးမှူးချုပ်မှ ပြည်ထောင်စုဝန်ကြီး၏ ခွင့်ပြုချက်ဖြင့် အမျိုးသားအဆင့် လူမှုဖူလုံရေးအဖွဲ့ အစည်းအဝေး (/၂၀၂၁)တွင် ဆုံးဖြတ်ရန် အချက်() ချက်နှင့် မှတ်တမ်းတင်ရန်အမှာစာ အစောင်ရေ (၄၉)စောင်ကို သဘောတူအတည်ပြု၍ ရှေ့လုပ်ငန်းစဉ်များကို ချမှတ်ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အမျိုးသားအဆင့်လူမှုဖူလုံရေးအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး က လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားများ၏ အကျိုးကိုရှေ့ရှုပြီး အတူတကွ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်စေလိုပါကြောင်း တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)