ကသာ နိုဝင်ဘာ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၊ အလယ်တန်းကျောင်းနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများမှ အောက်တိုဘာလ (၁၉)ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပြီးသော အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/သူများအား ယနေ့နံနက် (၈)နာရီအချိန်မှစ၍ ကသာမြို့ အ.ထ.က(၁) ကျောင်း၌ ကာကွယ်ဆေးကို ဒုတိယအကြိမ်အဖြစ် ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကသာမြို့နယ်တွင် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူပေါင်း (၃၈၂၃)ဦးကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် လျာထားပြီး အောက်တိုဘာလ (၂၅)ရက်နေ့အထိတွင် ပထမအကြိမ်အနေဖြင့် ကျောင်းသား/သူပေါင်း (၂၅၄၀)ဦးကို ကာကွယ်ဆေး ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသည့် ကျောင်းသား/ကျောင်းသူများ ကိုလည်း ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။
ခရိုင်(ပြန်/ဆက်)