Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများ မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ တင်သွင်း

 

နေပြည်တော် နိုဝင်ဘာ ၂၀

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက် ရှိရာ ယနေ့တွင် မြဝတီကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ ကုမ္ပဏီသုံးခုမှ ယာဉ်စီးရေ လေးစီးဖြင့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးဖြင့် ၁၃ တန်နှင့် နှာခေါင်းစည်း ၂၁ တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ်တစ်စီးမှာ ရန်ကုန်မြို့သို့ဖြစ်ကြောင်း သိရသည်။

 

တင်သွင်းခွင့်ပြု နိုဝင်ဘာ ၁ ရက်မှ ၂၀ ရက်အတွင်း ကုမ္ပဏီ ၅၀ ယာဉ်စီးရေ ၉၇ စီးဖြင့် အောက်ဆီဂျင် အရည် (Bowser) ယာဉ်ဖြင့် ၂၄၈ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့ (Bowser) ယာဉ်ဖြင့် ခြောက်တန်၊ အောက်ဆီဂျင် (အိုးခွံ) ၈၀၂၈ ခု၊ အောက်ဆီဂျင်ထုတ်သည့်စက် ၂၈ ခု၊ လုပ်ငန်းသုံး အောက်ဆီဂျင်စက် ၁၅ ခု၊ အိမ်သုံးအောက်ဆီဂျင်စက် ၁၂၃ ခု၊ တစ်ကိုယ်ရေသုံးကာကွယ်ရေးဝတ်စုံ ၈၃၈၄၀၊ လက်အိတ် ၃၇ တန်နှင့် နှာခေါင်းစည်း ၅၃၇ တန် တင်သွင်းခွင့်ပြုခဲ့ပြီး ဖြစ်သည်။

 

နိုဝင်ဘာ ၁ ရက်မှ ၂၀ ရက်အတွင်း ပြည်ပမှ တင်သွင်းသည့် အောက်ဆီဂျင် (အရည်) Bowser ယာဉ်စုစုပေါင်း ၁၂ စီးမှာ ရန်ကုန်မြို့သို့ ကိုးစီး၊ မော်လမြိုင်မြို့သို့ နှစ်စီးနှင့် နေပြည်တော်သို့ တစ်စီးဖြစ်ပြီး အောက်ဆီဂျင်ထုတ်သည့်စက် စုစုပေါင်း ၂၈ ခုမှာ ရန်ကုန်မြို့သို့ ၂၀၊ ရေစကြိုမြို့၊ မြို့သစ်မြို့၊ မြစ်ကြီးနားမြို့တို့သို့ နှစ်ခုစီနှင့် ဓနုဖြူမြို့၊ ရေနံချောင်းမြို့တို့သို့ တစ်ခုစီဖြစ်ကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် ဆက်စပ်သည့် အသိပေးကြေညာချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် www.commerce.gov. mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

 

သတင်းစဉ်