Skip to main content

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် ဒေသခံဩဝါဒါစရိယ ဆရာတော်ကြီးနှစ်ပါးနေရာ ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၉

နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးတွင် လစ်လပ်နေသောဒေသခံ ဩဝါဒါစရိယ ဆရာတော်ကြီးနှစ်ပါးနေရာ ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲ တွင်  ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ အတွင်း၌ ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ နေပြည်တော်သာသနာရေးမှူး ဦးဆန်းထွန်းအောင်နှင့် ဂေါပကအဖွဲ့ဝင် များ၊ ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ တက်ရောက်ကြသည်။

အခမ်းအနား၌ လစ်လပ်နေသော ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက် ဆရာတော်တစ်ပါးနေရာတွင် ၎င်းကျောင်းတိုက် ပဓာနာယကဆရာတော် ဘဒ္ဒန္တစန္ဒောဘာသ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ သက်တော် ၆၄-နှစ်၊ သိက္ခာတော် ၄၄-ဝါ အားလည်းကောင်း၊ ပျဉ်းမနားမြို့၊ မဟာလယ်တီစံကျောင်းတိုက်ဆရာတော်တစ်ပါးနေရာ၌ ပျဉ်းမနားမြို့၊ အုန်းတော ပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တတိဿ၊ မဟာဂန္ထဝါစကပဏ္ဍိတ၊ သက်တော်၄၆-နှစ်၊ သိက္ခာတော် ၂၆-ဝါ အားလည်းကောင်း အခမ်းအနားသို့ ကြွရောက်တော် မူလာသော ဒေသခံသြဝါဒါ စရိယဆရာတော်ကြီး ၆-ပါးနှင့် အခမ်းအနားသို့ မကြွရောက် နိုင်သောဆရာတော်ကြီး ၃-ပါး၏ ထောက်ခံချက်များဖြင့် အစားထိုးရွေးချယ် တင်မြှောက်ခြင်းကို သာဓုသုံးကြိမ် ခေါ်ဆို၍ အတည်ပြုပေးတော်မူသည်။

(သတင်းစဉ်)