Skip to main content

ကုန်တင်ရထားတစ်စီး လမ်းချော်တိမ်းမှောက်မှုဖြစ်ပွား

နေပြည်တော် နိုဝင်ဘာ ၁၈

မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့နယ်၊ မိုင်တိုင်အမှတ် ၂၈၅ နှင့် ၂၈၆ ကြား ကျောင်းကုန်း ကျေးရွာအနီးတွင် ယမန်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က ကုန်တင်ရထားတစ်စီး လမ်းချော် တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ တောင်ငူမှ မန္တလေးသို့ မောင်းနှင်လာသော ကုန်ရထားသည် ရမည်းသင်းနှင့် ပျော်ဘွယ်ကြား ကျောင်းကုန်းကျေးရွာအနီး ရထားလမ်းမိုင်တိုင်အမှတ် ၂၈၅၊ တံတားအမှတ်၊ ၅၂၉ တွင် နွားအုပ်အားဝင်ရောက်တိုက်မိပြီး ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ကြောင်း၊ ရထားတိမ်းမှောက်ရာ နေရာသို့ တာဝန်ရှိသူများမှ သွားရောက်စစ်ဆေးခဲ့ရာ မီးရထားဝန်ထမ်း ၂ ဦး သေဆုံးခဲ့ပြီး ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့် ရထားလမ်းပျက်စီးမှုအား တာဝန်ရှိသူများမှ ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။