Skip to main content

မြို့တွင်းလမ်းများ ကောင်းမွန်စေရေးနှင့် နက္ခတ်တာရာပြခန်း ပြန်လည်ဖွင့်လှစ်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၁၇

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ( ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) ဦးညီညီနှင့် ကော်မတီဝင်များ သည် ယနေ့နံနက် နာရီတွင် မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ပတ်လမ်းသို့ ရောက်ရှိပြီး ဦးထောင်ဘိုအဝိုင်းမှ ဦးအောင်မြတ်လမ်းအထိ အရှည် ပေ ၅၅၀၀၊ ( အကျယ် ၂၂ ပေ၊ ဒု နှစ်လက်မရှိ ကတ္တရာကွန်ကရစ်  ခင်းကျင်းနေမှုကိုလည်းကောင်း၊ ကန်တော်ကြီး သဘာဝဥယျာဉ်အတွင်း ပြည်သူများ ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်နေမှု၊ ကန်တော်ကြီး ဟိုတယ်နှင့် ငါးပြတိုက်အဟောင်းဝန်းကျင် သန့်ရှင်းသပ်ရပ်ရေး ဆောင်ရွက်ရန်လိုအပ်ချက်များအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မှာကြား

ယင်းနောက် မြို့တော်ဝန်နှင့်အဖွဲ့သည်ကမာရွတ် မြို့နယ်တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းဆုံသို့ သွားရောက်ပြီး အင်းလျားလမ်းအား တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းလျားလမ်းဆုံမှ ဧကရီဆောင် အထိ အရှည် ပေ ၁၅၀၀၊ အကျယ် ၄၈ ပေ၊ ဒု နှစ် လက်မရှိလေးလမ်းသွားကတ္တရာကွန်ကရစ် ခင်းကျင်း ပြီးဖြစ်၍ လူကူးမျဉ်းကျားများနှင့် Road Marking  ယာဉ်ကြောပြမျဉ်းများ ဆေးရေးဆွဲနေမှုအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆောင်ရွက်ရာတွင် ယာဉ်သွားလာမှု ပိတ်ဆို့မှုမဖြစ်စေရေး၊ တိမ်းစောင်းနေသော  လမ်းဘေးဆက်သွယ်ရေးတိုင်များ ပြန်လည်တည့်မတ် ရန် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ရေးတို့ကို မှာကြားသည်။

အမြန်ဆုံးပြန်လည်ဖွင့်လှစ်နိုင်ရေး

ထို့နောက် မြို့တော်ဝန်နှင့် အဖွဲ့သည် နံနက် နာရီတွင် ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ ဥယျာဉ်အတွင်းရှိနက္ခတ်တာရာ ပြခန်းသို့သွားရောက်၍ ပြခန်းအတွင်းအပြင် ပြုပြင်ထိန်းသိမ်းထားမှုနှင့် ပြပွဲအစီအစဉ်အတိုင်း ပြသမှုကို ကြည့်ရှုစစ်ဆေးပြီး ပြခန်းအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ အမြန်ဆုံး ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် လိုအပ်သည့် ပြင်ဆင်မှုများ စတင်ဆောင်ရွက်ရန်၊ ပြခန်းအတွင်း လျှပ်စစ်မီးနှင့် လေအေးပေးစနစ်များ ပြုပြင်တပ်ဆင်ရေး၊ ပြခန်းအဆောက်အအုံ ဆေးသုတ် မွမ်းမံရေးနှင့် ပြခန်းဝန်းကျင် သန့်ရှင်းသပ်ရပ်ရေးတို့ကိုဆောင်ရွက်ရန် မှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ အဆိုပါ နက္ခတ်တာရာပြခန်း ပြင်ဆင်မှုများ ပြီးစီးပါက အပတ်စဉ် တနင်္လာနေ့နှင့် ပြန်တမ်းဝင်ရုံးပိတ်ရက်များ (စနေ/တနင်္ဂနွေမပါ) မှအပ နေ့စဉ် နံနက် ၁၀ နာရီ မှ ညနေ နာရီ အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်