Skip to main content

မြဝတီမြို့၊ မိုင်းဆတ်၊ တာချီလိတ်နှင့် မော်လမြိုင်မြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၇

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၆ရက် နာရီ မိနစ် ၄၀ တွင် မြဝတီ မြို့ အမှတ် () ရပ်ကွက် ဘုရင့်နောင်လမ်းတွင် မင်းထွန်းဦးအား မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ် မိုင်းတွမ်းကျေးရွာအုပ်စု ပါခါးကျေးရွာအနီးရှိ မိုင်းဆတ်-တာချီလိတ်ကားလမ်းတွင်ညီလှိုင်မောင်းနှင် လာသည့် ယာဉ်ကိုစစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀၀ ကိုလည်းကောင်း။

ထို့ပြင် ယင်းနေ့ ညနေ နာရီ ၄၅ မိနစ်တွင် မူးယစ်ဆေးဝါး  တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်း  အဖွဲ့သည် တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် စိုင်းလှဝန်း မောင်းနှင်လာသည့် ဆိုင်ကယ်နှင့် စိုင်းနော်ခမ်း မောင်းနှင်ပြီး စိုင်းဖူး လိုက်ပါလာသည့် မော်တော်ယာဉ်တို့ကို စစ်ဆေးရှာဖွေရာ အိုက်စ် ၂၅ ကီလိုကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း၊ အလားတူ နိုဝင်ဘာ ၁၆ ရက် နာရီ မိနစ် ၂၀ တွင် မူးယစ်ဆေးဝါး တားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် တာချီလိတ်မြို့ ဆန်ဆိုင်း () ရပ်ကွက်ရှိ ဟိုတယ်အနီးတွင် စိုင်းလောင်ခေးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွ ရူးသွပ်ဆေးပြား ၄၀၀၀ ကိုလည်းကောင်း၊ အလားတူ မွန်ပြည်နယ်  ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၁၅ ရက် ညနေ နာရီတွင် မော်လမြိုင်မြို့ ဈေးကြိုရပ်ကွက် ဖက်ခင်းလမ်းရှိ စားသောက်ဆိုင်တွင် ဝေယံမျိုးလွင်၊ စိုင်းစံမိန်းနှင့် မနန်းလောဝ်အွမ် တို့အား မသင်္ကာဖွယ်တွေ့ရှိသဖြင့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၂၅ ပြားကို လည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့ကို မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား