Skip to main content

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်တွင် ငွေကျပ်သိန်း ၅၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိ

နေပြည်တော် နိုဝင်ဘာ ၁၇

မန္တလေးတိုင်းဒေသကြီး အမရပူရ မြို့နယ်တွင် ငွေကျပ်သိန်း ၅၆၀၀ ကျော် တန်ဖိုးရှိ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် နိုဝင်ဘာ ၁၆ ရက် ညနေ နာရီတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် စွယ်တော် ကားဝင်းရှေ့တွင် ဘိုဘိုဌေး (၃၆) နှစ် မောင်းနှင်သည့် FUSO ၁၂ ဘီး မော်တော်ယာဉ်ကို သတင်းအရ ရှာဖွေရာ မော်တော်ယာဉ်အတွင်းမှ ဆပ်ပြာခွက် ၂၂၅၇ ခွက်ဖြင့် ထည့်ထားသော ဒေသကာလတန်ဖိုးငွေကျပ် သိန်း ၅၆၀၀ ကျော်တန်ဖိုးရှိ ဘိန်းဖြူ ၂၂ ဒသမ ၅၇ ကီလို သိမ်းဆည်းရမိခဲ့ပြီး စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ ဘိန်းဖြူများအား ရှမ်းပြည်နယ် (မြောက်ပိုင်း) မှ မန္တလေးတိုင်း ဒေသကြီးသို့သယ်ဆောင်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ၎င်းအား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေး ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်