နေပြည်တော် နိုဝင်ဘာ ၁၆
မြန်မာနိုင်ငံအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)၊ အခန်း ၈ ပုဒ်မ ၃၆၁ တွင် နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏ နိုင်ငံသားအများဆုံးကိုးကွယ်ရာဖြစ်သော ဂုဏ်ထူး ဝိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာဖြစ်သည်ဟု သတ်မှတ် ပြဋ္ဌာန်းထားပြီး မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု ထုံးတမ်း အစဉ် အလာများအရ ရဟန်း သံဃာတော်များကို ကိုးကွယ်ဆည်းကပ်ရာအဖြစ် သတ်မှတ်ရိုကျိုးကြ သူများ ဖြစ်ပါ သည်။ ရဟန်း သံဃာတော်များ၏ အဆုံးအမဩဝါဒဖြင့် ကြီးပြင်းသည့် လူနေမှုစရိုက်ကို အခြေပြုကာယဉ် ကျေးပျူငှာ မှုရှိသည့် နိုင်ငံအဖြစ်ရပ်တည်လျက်ရှိပြီး ရဟန်း သံဃာတော်များ၏ သာသနာတော်အရေး ကြိုးပမ်းထမ်း ဆောင်ခဲ့မှု များကြောင့် ဗုဒ္ဓဘာသာကိုးကွယ်မှုများပြားသည့် နိုင်ငံများအနက် ထေရဝါဒဗုဒ္ဓဘာသာ အထွန်းကားဆုံးနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံများကပင် အသိအမှတ်ပြု ထားရသည့် နိုင်ငံဖြစ်ပါသည်။
ထိုကဲ့သို့ ကောင်းသတင်းများဖြင့် ကျော်ကြားခဲ့သည့်နိုင်ငံသည် ယခုအခါ အကြမ်းဖက်အဖွဲ့များဖြစ်သော CRPH I NUG နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် နိုင်ငံ၏ ပုံရိပ်ကိုထိခိုက်စေခဲ့ပါသည်။ အဆိုပါ အကြမ်းဖက်အဖွဲ့များအနေဖြင့် ရိုးဖြောင့်ခြင်းမရှိသော နိုင်ငံရေးရည်ရွယ်ချက် ပြည့်ဝစေရန်အတွက် ၎င်းတို့၏ အကြမ်းဖက်လုပ်ရပ်များကို ထောက်ခံအားပေးခြင်း မရှိသော အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များကိုသာမကဘဲ ရဟန်း သံဃာ များကိုပင် ရက်စက်စွာ အကြမ်းဖက်သတ်ဖြတ်ခြင်းများကိုလုပ်ဆောင် လာခဲ့သည်။ အကြမ်းဖက် အဖွဲ့များ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် ၂၀၂၁ ခုနှစ်၊ မေလ ၃ ရက်မှ နိုဝင်ဘာ ၁၁ ရက်အထိ ရဟန်း သံဃာတော် စုစုပေါင်း ၁၂ ပါး ပျံလွန်တော် မူခဲ့သည်ကို ဖော်ပြပါအတိုင်း တွေ့ရှိရသည်-
အကြမ်းဖက်အဖွဲ့များသည် မြန်မာနိုင်ငံသားအများစု ကိုးကွယ်ရာ ဘာသာဖြစ်သော ဗုဒ္ဓဘာသာ၏ ရဟန်း သံဃာများကို ယခုကဲ့သို့ အကြမ်းဖက်သတ်ဖြတ်နေမှုများအား ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် ဝိုင်းဝန်း ပူးပေါင်း ကာကွယ်သွားကြပါရန်နှင့် အကြမ်းဖက်သမားများ၏ လှုပ်ရှားမှုသတင်းများကိုရရှိပါက နီးစပ်ရာလုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လျှို့ဝှက်စွာဆက်သွယ်သတင်းပေးပို့၍ အကြမ်းဖက်သမားများ ရပ်တည်မှုမရှိနိုင် သည်အထိ ပူးပေါင်းဆောင်ရွက်သွားကြပါရန် မေတ္တာရပ်ခံ သတင်းထုတ်ပြန်အပ်ပါသည်။