Skip to main content

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက် ( ၄/ ၂၀၂၁)

၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ  ၁၅  ရက်

၁။        ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ အနေဖြင့် ကိုဗစ်-၁၉ ကြောင့် ထိခိုက်မှုရှိနေသည့် ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ကိုဗစ်-၁၉ ရန်ပုံငွေမှ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ် သတ်မှတ်၍ ချေးယူ ခွင့်ပြုသွားမည် ဖြစ်ပါကြောင်းနှင့် လျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၁၉ ရက်နေ့အထိ အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (ရန်ကုန်မြို့) နှင့် တိုင်းဒေသကြီး/ ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် အသင်းရုံးများ၌ လက်ခံသွားမည် ဖြစ်ပါကြောင်း ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

၂။         ချေးငွေလျှောက်ထားရန် ပုံစံပါအချက်များနှင့် ကိုက်ညီစေရေး ပြင်ဆင်ရခြင်းများ အပါအဝင် လိုအပ်သောကိစ္စရပ်များကို ဆောင်ရွက်ရာတွင် ရုံးပိတ်ရက် များပြားနေမှုကြောင့် အချိန်မီတင်ပြနိုင်ရေး အခက်အခဲဖြင့်ကြုံတွေ့နေရခြင်းကြောင့် ချေးယူလိုသူများက ကာလတိုးမြှင့် သတ်မှတ်ပေးပါရန် မေတ္တာရပ်ခံလာကြသဖြင့် ချေးငွေလျှောက်လွှာများကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့အထိ အစိုးရ ရုံးပိတ်ရက်များ အပါအဝင် ရုံးချိန်အတွင်း ဆက်လက်လက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ထပ်မံကြေညာအပ်ပါသည်။

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့်

စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ