Skip to main content

မိုင်းဆတ်မြို့၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကျင်းပ

မိုင်းဆတ် နိုဝင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဘက်စုံသုံးခန်းမ၌ (၁၀၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို စာအုပ် စာစောင်ပြပွဲကို ယနေ့နံနက် (၉) နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ(၂၈)ရက်နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အား ကြိုဆို ဂုဏ်ပြုသည့်အနေဖြင့် ကိုဗစ်-၁၉ ရောဂါကာလအတွင်း အခြေခံပညာကျောင်းအချို့ ပိတ်ထားချိန်တွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာဖတ်သည့်အလေ့အကျင့်ကောင်း များရရှိစေရန်၊ ကျောင်းသင်ခန်းစာအပြင် အခြားဗဟုသုတ များရရှိစေရန် နှင့် စာကြည့်တိုက်နှင့်ရင်းနှီးမှုရရှိ စေရန်ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ပေးခြင်းဖြစ်သည်။

အဆိုပါ စာအုပ်စာစောင်ပြပွဲတွင် မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် အမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်လာပုံကို လေ့လာဖတ်မှတ်နိုင်စေရန် အမျိုးသားအောင်ပွဲနေ့နှင့် ပတ်သက်သည့် စာအုပ်စာစောင်များနှင့် အခြားဗဟုသုတရရှိစေမည့် သုတ၊ ရသ၊ စာအုပ် စာစောင်များကိုလည်း ခင်းကျင်းပြသခဲ့ပြီး စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများ က မိမိတို့စိတ်ကြိုက် ရွေးချယ်ဖတ်မှတ်လေ့လာခဲ့ကြကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)