Skip to main content

နတ်မောက်မြို့ မြို့မစျေးကြီးတွင် မီးလောင်မှုဖြစ်ပွား

နတ်မောက် နိုဝင်ဘာ ၁၄

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ မြို့မစျေးကြီးတွင် ယမန်နေ့ည ၉ နာရီ ၃၀ မိနစ် အချိန်ခန့်က မြို့မစျေးကြီးအတွင်း အရှေ့ဘက်အခြမ်းမှစ၍ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် မြို့မစျေးအတွင်း (၆) ပေ (၇) ပေ အကျယ်ရှိ သွပ်မိုး ကွန်ကရစ်ခင်း ပတ္တမြားရုံ- (၁)မှ (၄၀) ခန်း၊ ပတ္တမြားရုံ- (၂)မှ ၊ (၄၀) ခန်း၊ ပတ္တမြားရုံ-(၃)မှ ၊ (၄၀) ခန်း၊ ပတ္တမြားရုံ-(၄)မှ (၄၀) ခန်း၊ ၁၀ ပေပတ်လည်အကျယ်ရှိ သွပ်မိုးသွပ်ကာ ကွန်ကရစ်ခင်း ပုလဲရုံ (၃)မှ  (၄၀) ခန်း၊ ပုလဲရုံ (၄)မှ(၃၀) ခန်း ၊ ၉ ပေ၁၀ ပေ အကျယ်ရှိ သွပ်မိုးသွပ်ကာ ကွန်ကရစ် ခင်း B ရုံအတွင်းခန်း (၁၂) ခန်း စုစုပေါင်း စျေးဆိုင်ခန်းပေါင်း (၂၄၂) ခန်း မီးလောင်ကျွမ်းခဲ့၍ ဆုံးရှုံးမှုတန်ဘိုးနှင့် မီးလောင်မှု အကြောင်းအရင်းအား စီစစ်ဆဲဖြစ်ကြောင်းနှင့် မီးလောင်မှုကြောင့် လူနှင့်တိရိစ္ဆာန် ထိခိုက်ဒဏ်ရာ ရရှိမှုမရှိကြောင်း သိရသည်။

အဆိုပါမြို့မစျေးမီးလောင်ရာသို့ မကွေးခရိုင်ဦးစီးမှူးရုံးမှ ခရိုင်မီးသတ်ဦးစီးမှုးနှင့် တပ်ဖွဲ့ဝင် (၈) ဦး၊ မီးသတ်ရေယာဉ် (၁) စီး၊ အုပ်ချုပ်မှုယာဉ် (၁) စီး၊ နတ်မောက်မီးသတ်စခန်းမှ မီးသတ် ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင် (၁၉) ဦး၊ မီးငြိမ်းသတ်ယာဉ် (၃)စီး၊ မီးသတ်ရေသယ်ယာဉ် (၁) စီး၊ ရွာမွန်နယ်မြေ မီးသတ်စခန်းမှလက်ထောက် မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင် (၂) ဦး၊ မီးသတ်ယာဉ် (၁) စီး၊ မြို့သစ်မြို့နယ်စခန်းမှ ဒု- မီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင် (၁၇) ဦး၊ မီးငြိမ်းသတ်ယာဉ် (၃) စီး ၊ မီးသတ်ရေသယ်ယာဉ် (၁) စီးနှင့် စိတ်ဓာတ်ဖြူစင်ကရုဏာရှင် လူမှုကူညီရေးအသင်းမှ ရေသယ်ယာဉ် (၂) စီးတို့ဖြင့် မြို့မစျေး အရှေ့ဘက်၊ တောင်ဘက်၊ မြောက်ဘက်တို့မှ စုစုပေါင်း သန္ဓေမီးသတ်တပ်ဖွဲ့ဝင် (၅၀) ဦးခန့်၊ အရံမီးသတ်တပ်ဖွဲ့ဝင် (၃၅) ဦးခန့်နှင့် ရပ်ကွက်သူ/သားများမှ မီးချိတ်၊ မီးကတ် ၊ ရေပုန်းများဖြင့် ဝိုင်းဝန်းငြိမ်းသတ်ခဲ့ရာ ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်က မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

 မြို့နယ် (ပြန်/ ဆက်)