ရေစကြို နိုဝင်ဘာ ၁၃
ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် နိုဝင်ဘာလ ၁၃ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၀ ဝန်းကျင် အချိန်ခန့်က PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် ပခန်းငယ်ရဲစခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေပြီး စုံစမ်းဆောင်ရွက်လျက် ရှိကြောင်း ကနဦး သိရှိရသည်။
ဖြစ်စဉ်အမှန်အား သိရှိရပါက ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။
ရေစကြို ပြန်/ဆက်