နေပြည်တော် အောက်တိုဘာ ၂၈
ဝါစိုက်ပျိုးထွက်ရှိမှု၊ ပြည်တွင်းသုံးစွဲမှုနှင့် ပြည်ပသို့ တင်ပို့မှုဆိုင်ရာကိစ္စနှင့်စပ်လျဉ်း သည့် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၃ နာရီခွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန အစည်းအဝေးခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာပွင့်ဆန်းက ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးစေရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိ ပါကြောင်း၊ ယခင်ကာလများတွင် ပြည်ပတင်ပို့ ခွင့်မပြု ခဲ့ဘဲ ၂၀၁၄ ခုနှစ်မှသာ ပြည်တွင်း ဈေနှုန်းကျဆင်းလာ၍ ဝါစိုက်ပျိုးတောင်သူများ နစ်နာမှုမရှိစေရန်အတွက် ဝါနှင့် ဝါထွက် ပစ္စည်းများကို ပြည်ပတင်ပို့ခွင့်ပြုခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံမှ ပြည်တွင်းမှထွက်ရှိသည့် ဝါကုန် ကြမ်းများကို ပြည်ပသို့ တင်ပို့ပြီး ပြည်ပမှ ကုန်ချောပစ္စည်း အထည်များကို ပြန်လည် တင်သွင်းနေရ၍ နိုင်ငံခြားငွေ ကုန်ကျသည့်အပြင် ပြည်တွင်းတွင် အဆင့်မီသည့် ကုန်ချောထုတ်လုပ်နိုင်ပါက စိုက်ပျိုးတောင်သူ၊ ကုန်သည်ပွဲစား၊ စက်ရုံ၊ အလုပ်ရုံများ အားလုံး အဆင်ပြေမည် ဖြစ်ပါကြောင်း၊ ပြည်တွင်းသုံးစွဲမှုမှ ပိုလျှံသည် များကို ပြည်ပတင်ပို့နိုင် ရန်အတွက်လည်း ဆောင်ရွက်ပေးရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်တွင်းတွင် အမှန် စိုက်ပျိုးနိုင်သည့် ဧက၊ ခန့်မှန်းအထွက်နှုန်း၊ ပြည်တွင်းသုံးစွဲမည့် ခန့်မှန်းအရေအတွက်၊ ပိုလျှံသည့်အရေ အတွက်၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းတို့ကို သက်ဆိုင်ရာဌာနများအလိုက် ညှိနှိုင်းတွက်ချက် ပြီး ဆောင်ရွက်သွားရန်ဖြစ်ပါကြောင်း၊ ယခုပြုလုပ်သည့် အစည်းအဝေး သည် ဝါသီးနှံကဏ္ဍ ဖွံ့ဖြိုးရေးအတွက် ပထမဆုံးပြုလုပ်သည့် အစည်း အဝေးဖြစ်ပြီး နောင်ကာလများ တွင်လည်း သက်ဆိုင်သည့်ဌာနဆိုင်ရာများအပြင် စိုက်ပျိုး ထုတ်လုပ်သူ၊ ရောင်းဝယ်သူ၊ ပြည်ပတင်ပို့သူများနှင့်ပါ ညှိနှိုင်းဆွေးနွေးပြီး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် ဆောင်ရွက်ချက်များ၊ ဆက်လက် ဆောင် ရွက်သွားမည့် အစီအစဉ်များ၊ စိုက်ပျိုးသူ၊ ရောင်းဝယ်သူ၊ ပြည်ပတင်ပို့သူအားလုံး နစ်နာမှုမရှိစေရေးအတွက် ဆောင် ရွက်သင့်သည့် အစီအစဉ်များ ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)