နေပြည်တော်၊ အောက်တိုဘာ ၂၆
တပ်မတော်အနေဖြင့် သိပ္ပံနှင့်နည်းပညာဆိုင်ရာများ အထောက်အကူပြု နိုင်ရန်နှင့် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးတိုးတက်ရန် ရည်ရွယ်၍ သိပ္ပံနှင့်နည်း ပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်(၂၀၂၁) “Conference on Science and Technology Development-2021 (CSTD-2021)” ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ပြင်ဉီးလွင်တပ်နယ်၊ စစ်တက္ကသိုလ်၊ အဆင့်မြင့်စာပေ ပညာဗဟိုဌာန ၊၅ ထပ်စာသင်ဆောင်ရှိ Multifunction Hall၌ ကိုပစ် -၁၉ ကူးစက်ရောဂါစည်းကမ်း သတ်မှတ်ချက်များနှင့်အညီစတင်ကျင်းပပြုလုပ်သည်။
အဆိုပါ ကွန်ဖရင့်သို့ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဇော်မျိုးတင်၊ တပ်မတော်တက္ကသိုလ်များမှ ကျောင်းအုပ်ကြီးများ၊ ပါမောက္ခချုပ်များနှင့် အရာရှိများ၊ အရပ်ဘက် တက္ကသိုလ်များမှ ပါမောက္ခများ၊ တပ်နယ်မှ မဟာဘွဲ့နှင့်ပါရဂူဘွဲ့သင်တန်းတက် ရောက်နေသော သင်တန်း သားအရာရှိများနှင့် ဗိုလ်လောင်းများ တက်ရောက်ကြပြီး ကိုယ်တိုင်လာရောက် စာတမ်း မဖတ်ကြားနိုင်သော Keynote speaker များ ၊ အရပ်ဘက်တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် ပါမောက္ခများလည်း video Conferencing ဖြင့်တက်ရောက်ကြသည်။
ဉီးစွာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က အဖွင့်အမှာစကား ပြောကြားပြီး အခမ်းအနားသို့ တက်ရောက် လာသူများနှင့်အတူ တင်သွင်းခင်းကျင်းပြသ ထားသည့်သိပ္ပံနှင့်နည်းပညာဆိုင်ရာ ပိုစတာ ၂၃ စောင်ကို လှည့်လည်ကြည့်ရှုရာ ပိုစတာရှင် များမှ ရှင်းလင်းတင်ပြကြသည်။
ထို့နောက် ဖိတ်ကြားထားသောပါမောက္ခများ၏ စာတမ်း ၂ စောင်၊ သိပ္ပံနှင့်နည်းပညာဆိုင်ရာ သုတေသနစာတမ်း ၅၄ စောင်၊ စုစုပေါင်း ၅၆ စောင် အား ဖတ်ကြားခဲ့သည်။
အဆိုပါ သိပ္ပံနှင့် နည်းပညာဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေး ကွန်ဖရင့်( ၂၀၂၁) ကို အောက်တိုဘာလ ၂၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖိတ်ကြားထားသော Keynote Speaker စာတမ်း ၂ စောင်၊ အထူးစာတမ်း ၆ စောင် အပါအဝင် စုစုပေါင်း စာတမ်း ၅၀ စောင်ကို ဆက်လက်ဖတ်ကြားသွား မည်ဖြစ်ကြောင်း၊ အကောင်းဆုံး စာတမ်း ၆ ဆုနှင့်အကောင်းဆုံးပိုစတာဆု ၂ ဆု ချီးမြှင့်သွား မည်ဖြစ် ကြောင်း သတင်းရရှိသည်။
သတင်းစဉ်