နေပြည်တော် အောက်တိုဘာ ၂၆
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် ယနေ့နံနက်ပိုင်းက နေပြည်တော် ကောင်စီနယ်မြေအတွင်း စံပြကျေးရွာအကောင်အထည် ဖော်ဆောင်ရွက်မည့် တပ်ကုန်း မြို့နယ် ဂွေးပင်ကျေးရွာ၊ ပျဉ်းမနား မြို့နယ် ကျွန်းဦးကျေးရွာ နှင့် လယ်ဝေးမြို့နယ် သော်မှော် ကုန်းကျေးရွာတို့တွင် အခြေခံအဆောက် အအုံဖွံ့ဖြိုးရေး လုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာ ကုန်ထုတ်လုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရန် လိုအပ်သည်များ ဖြည့်ဆည်းပေးနိုင်ရေးအတွက် တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်း ကြည့်ရှု စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ်၊ ရှားတောကျေးရွာ အုပ်စု၊ ဂွေးပင်ကျေးရွာသို့ ရောက်ရှိပြီး ကျေးရွာဖွံ့ဖြိုးရေးကော်မတီဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှုကိုလည်းကောင်း၊ ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးကျေးရွာအုပ်စု၊ ကျွန်းဦးကျေးရွာ မြစိမ်းရောင်ကျေးရွာ စီမံကိန်း ကော်မတီဝင် များ၊ ရပ်မိရပ်ဖ များနှင့် တွေ့ဆုံကာ ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် နေမှုကို လည်းကောင်း၊ လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာအုပ်စု၊ သော်မှော်ကုန်းကျေးရွာ ကျေးရွာဖွံ့ဖြိုးရေး ကော်မတီ ဝင်များ၊ ရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ ကျေးရွာ ဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေကို လည်းကောင်း မေးမြန်းဆွေးနွေးကာ ကျေးရွာ နေပြည်သူများ၏ ရှင်းလင်းတင်ပြမှုများအပေါ် မိမိတို့ဝန်ကြီး ဌာနအနေဖြင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက် စေရေးအတွက် ကျေးလက် အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် သမဝါယမ ကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား အလတ်စားစက်မှု လက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ကာ ဘက်စုံ ကျေးလက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စံပြကျေးရွာ အင်္ဂါရပ်များနှင့် အညီဖြစ် စေရေး လိုအပ်ချက်များကို ဦးစားပေးလိုက် ဖြည့်ဆည်းဆောင်ရွက် ပေးမှာဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသား များအနေဖြင့် လည်း ကျေးရွာဘက်စုံဖွံ့ ဖြိုးတိုး တက်ရေး အားလုံးတက်ကြွစွာပူးပေါင်း ဆောင်ရွက်ပေး ရန်လိုအပ်ကြောင်း ဆွေးနွေးမှာကြား သည်။
ဆက်လက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ခေတ်မီစံပြကျေးရွာ ထူထောင်ရေး လုပ်ငန်းစဉ်များဖြစ်သည့် ကျေးရွာအခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ သွင်းအား စုနှင့် ငွေကြေးထောက်ပံ့ ကူညီခြင်းလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းနှင့် ကျေးလက် စီးပွားရေး မြင့်မားစေရေးလုပ်ငန်းများ၊ အသင်းအဖွဲ့များ ခိုင်မာအား ကောင်းစေခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်းလုပ်ငန်းများ၊ လူမှုကာ ကွယ်စောင့်ရှောက်ရေးလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင် ကာကွယ်ထိန်း သိမ်းရေးလုပ်ငန်းများ၊ ဦးစီးဌာနများမှ ကဏ္ဍအလိုက် တာဝန်ခွဲဝေ ဆောင်ရွက်မည့် အစီအစဉ်များနှင့် စောင့်ကြည့် စစ်ဆေးအကဲဖြတ်ခြင်းနှင့် ဝေဖန်အကြံပြုတိုင်ကြားခြင်းစနစ် ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ကောင်စီနယ်မြေအတွင်း၌ တပ်ကုန်းမြို့နယ် ဂွေးပင်ကျေးရွာ၊ ပျဉ်းမနားမြို့ နယ် ကျွန်းဦးကျေးရွာ နှင့် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာတို့ကို Pilot Project အဖြစ် ခေတ်မီစံပြကျေးရွာ အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)