Skip to main content

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းနှင့် အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေး Virtual စနစ်ဖြင့် ကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၆

၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းနှင့်အရအသုံးခန့်မှန်းခြေငွေစာရင်း ရေးဆွဲခြင်းဆိုင်ရာ ညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ အစည်း အဝေးခန်းမ၌ Virtual စနစ်ဖြင့်ကျင်းပရာ နေပြည်တော် ကောင်စီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီး၊ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ စီးပွားရေးရာ ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ၂၀၂၂ -၂၀၂၃ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းနှင့် အရအသုံးခန့်မှန်းခြေ ငွေစာရင်း ရေးဆွဲနိုင်ရေးအတွက် အခြေခံ မည့် ဒေသန္တရစီမံကိန်း၊ (၂၀၂၂  - ၂၀၂၃  ဘဏ္ဍာရေးနှစ်မှ ၂၀၂၆  - ၂၀၂၇  ဘဏ္ဍာရေးနှစ်အထိ) (၅) နှစ်စီမံကိန်းကို ချမှတ် ရေးဆွဲ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့်အဖွဲ့  အစည်းများ၊ ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် ညှိနှိုင်းအစည်းအဝေးများကျင်းပခဲ့ပြီး ယခင်ရေးဆွဲပြီးသည့် နှစ်ရှည်စီမံ ကိန်းများဖြစ်သော အမျိုး သားဘက်စုံဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (National Comprehensive Development Plan-NCDP) နှင့် မြန်မာ နိုင်ငံ၏ ရေရှည်တည် တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုး တက်မှုစီမံကိန်း (Myanmar Sustainable Development Plan - MSDP) တို့ကို ပြန်လည်သုံးသပ်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ ဦးတည်ချက် (၉) ရပ်တို့ကို အခြေခံမူ များအဖြစ်ထားရှိပြီး၊ ပြည်ထောင်စု၏အမျိုးသား စီမံကိန်း (၅) နှစ်မူဘောင်ကို ဆွေးနွေးထားပြီးဖြစ် ကြောင်း။

အဆိုပါမူဘောင်နှင့်လိုက်လျောညီထွေဖြစ်စေမည့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ဒေသန္တရ စီမံကိန်းမူဘောင်ကို ရေးဆွဲသွားမည်ဖြစ်ကြောင်း၊ ဒေသန္တရစီမံကိန်းများ၌ မိမိတို့ဒေသတွင်း အလား အလာရှိသည့်လုပ်ငန်းများ၊ ဦးစားပေး ဆောင်ရွက်ရန်လိုအပ်ချက်များ၊ အိမ်နီးချင်းနိုင်ငံ များနှင့် ကတိကဝတ်ပြုထားသည့် အကောင်အထည် ဖော်ဆောင်ရွက် ရမည့် လုပ်ငန်းများ၊ ရေရှည် တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုးမှုရည်မှန်းချက်များနှင့် ချိတ်ဆက်ကာ ဒေသန္တရ (၅) နှစ်စီမံကိန်း၏ ရည်မှန်း ချက်နှင့် ဆောင် ရွက်မည့်အစီအစဉ်များ ရေးဆွဲ သွားမည်ဖြစ်ကြောင်း ရှင်းလင်း ဆွေးနွေးသည်။  ဆက်လက်၍ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် အကောင် အထည်ဖော်ဆောင် ရွက်မည့် လုပ်ငန်းစီမံ ကိန်းများကို ကြိုတင်စိစစ် ဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ အရအသုံးခန့်မှန်းခြေငွေ စာရင်း ရေး ဆွဲရာတွင် နိုင်ငံတော်၏ လိုငွေထိန်းနိုင်ရေးနှင့် ရေရှည် တည်တံ့ သည့်ဘတ်ဂျက်သုံးစွဲမှုပုံစံ ဖြစ်စေရေးအတွက် သာမန်နှင့် ငွေလုံးငွေရင်းစာရင်းများ ရေးဆွဲ ရာတွင်လိုက်နာရမည့်ကိစ္စရပ်များ၊ တိုင်းဒေသ ကြီး၊ ပြည်နယ်များမှ ရငွေများ အပြည့်အဝ ကောက်ခံနိုင်ရေးတို့နှင့် စပ်လျဉ်း၍လည်း ကောင်း ရှင်းလင်းဆွေးနွေးသည်။ ယင်းနောက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်းက ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်းရေးဆွဲရေးနှင့်စပ်လျဉ်း၍ ၂၀၂၂  - ၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆  - ၂၀၂၇ ဘဏ္ဍာရေးနှစ်အထိ (၅) နှစ် ဒေသန္တရစီမံကိန်းမူဘောင် ရေးဆွဲ ထားရှိမှု အခြေ အနေနှင့် ကဏ္ဍဆိုင်ရာ လုပ်ငန်းများနှင့် ဒေသန္တရဆိုင်ရာ လုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်မည့်ကိစ္စရပ်များကို လည်းကောင်း၊ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က အရအသုံးခန့်မှန်းခြေငွေ စာရင်းရေး ဆွဲခြင်း၊ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ လိုငွေ ထောက်ပံ့မှုအခြေအနေနှင့် ချေးငွေဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍လည်းကောင်း ရှင်းလင်းတင်ပြကြသည်။ ထို့နောက် တက်ရောက်လာကြသည့် ဝန်ကြီးချုပ် များနှင့်စီးပွားရေးရာဝန်ကြီးများက မိမိတို့ တိုင်းဒေသကြီး၊ ပြည်နယ် အလိုက်စီမံဆောင်ရွက်မည့်အခြေအနေများ၊ ပြည်ထောင်စုမှ ပေါင်းစပ်ညှိနှိုင်းပေးရန် လိုအပ်သည့်ကိစ္စ ရပ်များနှင့် တိုင်းဒေသကြီး၊ပြည်နယ်များမှ အချိန်မီဆောင်ရွက်ပေးမည့် အခြေအနေများကို ဆွေးနွေး တင်ပြကြသည်။

ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ပြန်လည်ဆွေးနွေး သည်။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုဝန်ကြီးဌာနများ၊ တိုင်း ဒေသကြီး/ ပြည်နယ် များနှင့် ပေါင်းစပ်ညှိနှိုင်းပြီး လက်တွေ့ကျကျ အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည့် ကာလတို (၅) နှစ် အမျိုးသား စီမံကိန်းနှင့်ဒေသန္တရစီမံကိန်းများနှင့် ဆက်စပ်၍ ၂၀၂၂  - ၂၀၂၃  ဘဏ္ဍာရေး နှစ်၊ နှစ်စဉ်စီမံကိန်း၊ အရအသုံး ခန့်မှန်းခြေငွေစာရင်း တို့ကို ကိုဗစ်-၁၉ ကပ်ရောဂါနှင့် နိုင်ငံရေးအခြေ အနေအရ နိုင်ငံ၏စီးပွားရေး အခြေအနေ တုံ့ဆိုင်းနေမှု၊ စီးပွားရေးတိုးတက်မှုနှုန်း ကျဆင်းနေမှုတို့ကို ပြန်လည်ကုစားနိုင်ရေး၊ ကိုဗစ်-၁၉ အလွန်ကာလ နိုင်ငံ၏ စီးပွားရေးအခြေအနေ ပြန်လည်တည်ငြိမ် တိုးတက်ကောင်းမွန် လာစေရန်ရည်ရွယ်ပြီး ရေးဆွဲရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)