နေပြည်တော် အောက်တိုဘာ ၂၅
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများ၊ ချင်းရွှေဟော်နှင့် မြဝတီကုန်သွယ်ရေးစခန်း နှစ်ခုတို့မှ တင်သွင်းရာ၌ ကုမ္ပဏီ ငါးခုမှ ယာဉ်စီးရေ ၁၁ စီးဖြင့် အောက်ဆီဂျင်(အိုးခွံ) ၅၃၀၊ Oxygen Plant တစ်ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) အခု ၁၀၀၀၊ PPE ဝတ်စုံ ၄၁၂၅၀၊ လက်အိတ် ၁၀ တန်နှင့် နှာခေါင်းစည်း (Mask) တန် ၃၀ တို့ကို တင်သွင်းခဲ့ပြီး Oxygen Plant တစ်ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့ သို့ဖြစ်ကြောင်း သိရှိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်း ခွင့်ပြု ပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများတင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
သတင်းစဉ်