Skip to main content

လူ့အဖွဲ့အစည်းအတွင်း လူမှုရေးပြဿနာများအား ထိရောက်အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်ရေး Generic Social Work သင်တန်းဖွင့်

 

နေပြည်တော် အောက်တိုဘာ ၂၅

 

Generic Social Work သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သင်တန်းဖွင့်ပွဲတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က ယခုဖွင့်လှစ်သော သင်တန်းသည် တစ်နေ့လျှင် နှစ်နာရီဖြင့် သုံးပတ်တာကာလ သင်ကြားပို့ချပေးမည်ဖြစ်သည့်အတွက် မိမိတို့ လုပ်ကိုင်နေသော လုပ်ငန်းများလည်း မပျက်ကွက်ဘဲ သင်တန်း တက်ရောက်ရသည်မှာ လွန်စွာကောင်းမွန်ပါကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ်များတွင် ရှိသော ဝန်ထမ်းများကိုလည်း Mobile Team ကဲ့သို့ ပို့ချနိုင်မည်ဆို လျှင် ပိုမိုကောင်းမွန်မည်ဖြစ်ပါကြောင်း၊ အဓိကအားဖြင့် Capacity Building သည် အလွန်အရေးကြီး ပါကြောင်း၊ အခြားအဆင့် ဝန်ထမ်းများအားလုံးကိုလည်း မိမိတို့ဌာန၏ လုပ်ငန်းများကို On-Job Training အနေဖြင့် ဆောင်ရွက်ပေးစေလိုကြောင်း၊ သို့မှသာ အဖွဲ့တစ်ဖွဲ့တွင် လုပ်ငန်းကျွမ်းကျင်သူ များများရှိပါက အားလုံးမျှတ လုပ်ကိုင်ကြသည့်အတွက် လူတိုင်းလူတိုင်းမှာ သက်သက်သာသာ ရှိပြီး တစ်ဦးတစ်ယောက်တည်းတွင် ဝန်မပိတော့ဘဲ Stress များ လျော့နည်းကာ လုပ်ငန်းများကို ပိုမို ထိရောက်အောင်မြင်စွာ လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

 

ထို့နောက် ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင် က လူမှုရေးပြဿနာများအား ပြန်လည်ကုစားရေး ဆောင်ရွက်ရာတွင် Social Worker များတွင် အရည်အသွေး၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ချိတ်ဆက် ဆောင်ရွက်နိုင်မှု၊ ဆင်ခြင်တုံတရားစသည့် အရည်အချင်းများ ရှိရမည်ဖြစ်ကြောင်း၊ သက်ရှိလူသားတို့၏ ပြဿနာကို ဖြေရှင်းခြင်းဖြစ်သည့်အတွက် ပြဿနာ၏ Nature, Practice, Behavior of Siposoves ရန် လိုအပ်ကြောင်း၊ လူမှုရေး ပြဿနာများဖြေရှင်းရာတွင် ပုံသေသတ်မှတ်ချက် မရှိပါကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းကို သင်တန်းသား ၃၅ ဦးဖြင့် ယနေ့မှ နိုဝင်ဘာ ၁၂ ရက်အထိ သုံးပတ်ကြာ ဖွင့်လှစ်ပို့ချမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခြင်းအားဖြင့် လူမှုရေးပညာ အခြေခံသဘောတရား များအား ပိုမိုသဘောပေါက်လာစေပြီး လူ့အဖွဲ့အစည်းအတွင်း လူမှုရေးပြဿနာများအား ထိရောက် အောင်မြင်စွာ ဖြေရှင်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်