နေပြည်တော် အောက်တိုဘာ ၂၅
ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသော ဦးမျိုးမောင်၊ ဦးကြည်သိန်း၊ ဦးတင်ဟုန်၊ ဒေါ်ခင်မေရီ တို့ ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၁)၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၅/၂၀၂၀ (မန္တလေး) ၊ ၁၀ / ၂၀၂၀ (မွန်)၊ ၁/ ၂၀၂၁ (ရန်ကုန်) ၊ ၂ / ၂၀၂၁ (ရန်ကုန်)နှင့် ၃ / ၂၀၂၁ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု ( ၅ ) မှု ကို စီရင်ချက်ချမှတ်သည်။ ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၄ /၂၀၂၀ (ဧရာဝတီ)၊ ၅ / ၂၀၂၀ (ဧရာဝတီ) နှင့် ၇ /၂၀၂၀ (ရန်ကုန်)၊ စုစုပေါင်း တရားမအထူးအယူခံမှု (၃) မှုကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ရုံးထိုင် ကြားနာခဲ့ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)