နေပြည်တော် အောက်တိုဘာ ၂၁
“မြူးမြူးကြွကြွ MRTV ည တေးဂီတဖျော်ဖြေပွဲ” ပွဲစဉ်(၄)ကို အောက်တိုဘာ၂၂ရက် (သောကြာ နေ့) ည ၈ နာရီသတင်းအပြီးတွင် မြန်မာ့အသံ နှင့် ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းအစီအစဉ်ကို သားစိုးစီစဉ်ပြီး “ရွှေမြန်မာတေးဂီတအဖွဲ့” ၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် အောင်မျိုးဝင်း၊ သိမ့်သိမ့်၊ ငြိမ်းသော်တာ၊ ဈာန်၊ အောင်ကိုဇော်၊ အိဖြူနှင့် အေးသဇင်လှိုင်တို့က ဖျော်ဖြေ တင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို အောက်တိုဘာ ၂၄ ရက် (တနင်္ဂနွေနေ့) နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်