နေပြည်တော် အောက်တိုဘာ ၁၅
တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီအစည်းအဝေး (၁၄ /၂၀၂၁) ကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ စောဒန်နီယယ်နှင့် ဒေါက်တာဗညားအောင်မိုး၊ ပြည်ထောင်စုဝန်ကြီးများ ဖြစ်ကြသည့် ဦးချစ်နိုင်၊ ဦးကိုကိုနှင့် ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေး ရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး က အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီအတွင်းရေးမှူး ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က အစည်းအဝေးအမှတ်စဉ် (၁၃/၂၀၂၁) အစည်းအဝေး ဆုံးဖြတ်ချက် များနှင့် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ဒုတိယဝန်ကြီး ဦးဇော်ဝင်း၊ အမြဲတမ်းအတွင်းဝန်များ၊ ညွန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ကော်မတီသို့ ပြည်ထောင်စုဝန်ကြီးဌာနများမှ ပေးပို့တင်ပြလာသည့် အမှာစာကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ကော်မတီဥက္ကဋ္ဌက ပြည်ထောင်စုဝန်ကြီးဌာနများမှ တင်ပြလာကြသည့် အမှာစာကိစ္စရပ် များကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးသို့ ဆက်လက်တင်ပြရန် ကိစ္စရပ်များနှင့် ကော်မတီ၏ အဆုံးအဖြတ်ဖြင့် ဆောင်ရွက်ရန်ကိစ္စရပ်များကို အတည်ပြုသည်။
ယင်းနောက် ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုး က အစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၁) တွင် ဆွေးနွေးဆုံးဖြတ်ခဲ့သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ပို့ဆောင် ပေးမည့် အစီအစဉ်များနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသူများက တိုင်းရင်းသားရေးရာကိစ္စရပ်များ၊ ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကိစ္စရပ်များကို သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြရာ ကော်မတီဥက္ကဋ္ဌ က ဖြည့်စွက်ဆွေးနွေးသည်။
ယင်းနောက် တိုင်းရင်းသားရေးရာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုနှင့် ဝန်ဆောင်မှုရေးရာ ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး က နိဂုံးချုပ်အမှာစကား ပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းလိုက်သည်။
(သတင်းစဉ်)