Skip to main content

ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့ Russian Energy Week International Forum (REW 2021)သို့ တက်ရောက်

နေပြည်တော်  အောက်တိုဘာ ၁၄

 

ရုရှားဖက်ဒရေးရှင်းနိုင်ငံ  မော်စကိုမြို့၌ ကျင်းပသော Russian Energy Week International Forum (REW 2021)သို့ တက်ရောက်ရန် မော်စကိုမြို့၌ ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အဖွဲ့သည် အောက်တိုဘာ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၁၀ နာရီခွဲတွင် ROSGEO (Russian State Geological Holding)ကုမ္ပဏီမှ CEO (Chairman of the Management Board) Mr. Sergey  N. GORKOV ခေါင်းဆောင်သောအဖွဲ့နှင့် ရေနံနှင့်သဘာဝဓာတ်ငွေ့ စူးစမ်းရှာဖွေ ရေးဆိုင်ရာ ကိစ္စရပ်များကို အမြင်ချင်းဖလှယ် တွေ့ဆုံဆွေးနွေးကြသည်။

 

ယင်းနောက် Russian Energy Week International Forum (REW 2021)တွင် ပြသထားသော ပြခန်းများကို ကြည့်ရှုလေ့လာခဲ့ပြီး ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် Manege Central Exhibition Hall ခန်းမ၌ ကျင်းပသော Plenary Session သို့ တက်ရောက်သည်။ အဆိုပါအစီအစဉ်တွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံသမ္မတ ဗလာဒီမာပူတင် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒေသစံတော်ချိန် ညနေ ၅ နာရီခွဲတွင် RUSHVDRO မှ ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Sergey MACHEKHIN နှင့် ရေအား လျှပ်စစ် ဓာတ်အားပေးစက်ရုံများ တည်ဆောက် အကောင်အထည်ဖော်နိုင်မှုနှင့် ထပ်မံ ဆောင်ရွက်နိုင်မည့် ရှေ့အလားအလာများကို တွေ့ဆုံဆွေး နွေးကြကာ REW 2021 ဖွင့်ပွဲ အထိမ်း အမှတ်ဂုဏ်ပြု ညစာစားပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြ ကြောင်း  သိရသည်။

 

(သတင်းစဉ်)