နေပြည်တော် အောက်တိုဘာ ၁၃
“သီတင်းကျွတ်အမီ ချစ်သူဆီ” တေးဂီတဖျော်ဖြေမှု ပွဲစဉ်(၃)ကို အောက်တိုဘာ (၁၅)ရက်၊ ည(၈)နာရီသတင်းအပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၌ ထုတ်လွှင့်ပြသမည်ဖြစ်သည်။
ယင်းအစီအစဉ်ကို Triple “S” Music Band ၏ တီးခတ်မှုနှင့်အတူ တေးသံရှင်များဖြစ်ကြသည့် စောဂျွန်၊ ဇေယျာလင်း၊ စတီး၊ ဟိန်းသူရအောင်၊ သားရွှေပိုး၊ သီရိခင်ဇော်၊ ကြယ်စင်သွန်း၊ ဖြိုးသရဖီကျော်၊ နန့်ဇူဇူးခိုင်မင်းဇော်နှင့် နှင်းပြည့်ပြည့်အောင် တို့က ဖျော်ဖြေတင်ဆက်ကြမည် ဖြစ်သည်။
ထိုသို့တင်ဆက်မှုကို အောက်တိုဘာ (၁၇)ရက် နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)