Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၁၃

နိုင်ငံတော်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက် လိုအပ်သည့် အောက်ဆီဂျင်အရည်၊ အောက်ဆီဂျင်အိုးခွံ၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့် အခြား ဆက်စပ်ပစ္စည်းများကို လေကြောင်း၊ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင်ပြေ ချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် အခြားဆက်စပ်ဌာနများနှင့် လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများနှင့် မြဝတီ၊ ကန်ပိုက်တီနှင့်ချင်းရွှေဟော် ကုန်သွယ်ရေး စခန်း()ခုတို့မှ တင်သွင်းရာ၌ကုမ္ပဏီ ()ခုမှယာဉ်စီးရေ()စီးဖြင့် အောက်ဆီဂျင်(အရည်) Bowser ယာဉ်()စီး တန် (၂၀) အောက်ဆီဂျင်(အိုးခွံ) (၁၇၁၃)ခု၊ Oxygen Plant (၁၂)ခုနှင့် နှာခေါင်း စည်း(Mask) (၂၈)တန်တင်သွင်းခဲ့သည်။ အောက်ဆီဂျင်(အရည်)Bowser ယာဉ်()စီးမှာ မြဝတီမှ ရန်ကုန်မြို့သို့ဖြစ်ပြီး Oxygen Plant (၁၂) ခုမှာ ဆိပ်ကမ်းမှ ရန်ကုန်မြို့သို့(၁၀)ခုနှင့် ကန်ပိုက်တီမှ မြစ်ကြီးနားမြို့သို့()ခု ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှုမရှိစေရေးအတွက် သက်ဆိုင်ရာဌာနများနှင့်ညှိနှိုင်းထားသည့် SOPများနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့် သက်ဆိုင်သည့်အသိပေးကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေးစီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရှိရသည်။

(သတင်းစဉ်)