နေပြည်တော် အောက်တိုဘာ ၁၂
တပ်မတော် (ကြည်း၊ ရေ၊ လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီး ရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင်ကျောင်း များနှင့် ဘာသာရေးကျောင်းများ သို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် လေးမျိုးနှင့် လှူဖွယ် ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်း များ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်အရှေ့ ပိုင်း ကျိုင်းတုံမြို့ရှိ စေတဝန် ပရိယတ္တိ ကမ္မဋ္ဌာန်းကျောင်းတိုက် (အပေါ်ယာပုံ)၊ ရှမ်းပြည်နယ်တောင်ပိုင်း နမ့်စန်မြို့ အမှတ်(၁)ရပ်ကွက်ရှိ ရာဟုလာ ပရိယတ္တိ စာသင်တိုက်၊ မွန်ပြည်နယ် သံဖြူ တာဝန်ရှိသူများက သွားရောက် ဆက်ကပ် လှူဒါန်းကြသည်။
ထို့အပြင် ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့ စေတဝန် ပရိယတ္တိ ကမ္မဋ္ဌာန်းကျောင်းတိုက် ရှိသံဃာတော်များအား တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ အလားတူ ဧရာဝတီတိုင်း ဒေသကြီး ပုသိမ်မြို့ YGW မိဘမဲ့ ကလေးများ စောင့်ရှောက်ရေးကျောင်းသို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တာဝန်ရှိသူများ က ယနေ့ မွန်းလွဲပိုင်းတွင်ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဣန္ဒောဘာသ အား ဖူးမြော်ပြီး ဆီ၊ ပဲ၊ စားသောက်ဖွယ်ရာများနှင့် ဆေးပစ္စည်းများကို ဆက်ကပ် လှူဒါန်းကြောင်း သတင်းရရှိသည်။
သတင်းစဉ်