Skip to main content

စာပေဗိမာန်စာမူဆုရ စာအုပ်များဖြန့်ချိရောင်းချ

သူတို့လောကသူတို့ဘဝ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန၊ စာပေ ဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ ဝတ္ထုရှည်တတိယဆု ရရှိသည့် စာရေးဆရာ မောင်နေခြည်(ပြည်)၏ “သူတို့လောက သူတို့ ဘဝ' စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ဝက်ထီးကန်မြို့ရှိကျေးရွာတစ်ရွာမှ ကျွဲ၊ နွားဝိဇ္ဇာ ဆရာတစ်ဦးကို ဇာတ်ကောင်အဖြစ် ထားရှိ၍ နွားတို့၏ သဘာဝ၊ စိတ်နေ စိတ်ထား၊ အသွေးအရောင်၊ ဉာဉ်ဆိုးဉာဉ်ကောင်း စသည်တို့အပြင် မြန်မာ့ဓလေ့ထုံးစံများ အတွင်းရှိနွားနှင့် စပ်ဆိုင်သည့် အကြောင်းရပ်များ ပါဝင်သည်။

ဘဝပေးအခြေအနေအရ ဘဝကြမ်းကြမ်းကို ဖြတ်သန်းနေရသော်လည်း သူတို့၏စိတ်သန္တာန်ဝယ် ကိုယ်ချင်းစာစိတ်၊ သနားညှာတာ စိတ်၊ အမှားကို ကျူးလွန်မိပြီးသည့်နောက် နောင်တတရားနှင့်အတူ အမှန်ကို ခွဲခြားသိမြင်လာစိတ် စသည်တို့ ကိန်းဝပ်လျက်ရှိနေကြောင်း ပေါ်လွင်အောင် ဖော်ပြထားသည်။ ကျေးလက်ဒေသ လူနေမှုဘဝ၊ လယ်ယာလုပ်ငန်းခွင်တွင် အရေးပါသည့် “နွား' အကြောင်းနှင့် အရောင်းအဝယ် ဈေးကွက်ကို အသေးစိတ်လေ့လာပြီး သုတရောစွက်ကာ ရေးဖွဲ့ထားသော ဝတ္ထုကောင်းတစ်အုပ်ဖြစ်ကာ စာအုပ်ဈေးနှုန်းမှာ ငွေကျပ် ၁၅၀၀ ဖြစ်သည်။

ထနော့

ပြန်ကြားရေးဝန်ကြီးဌာန၊ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာစာပေ ဒုတိယဆုရရှိသည့် စာရေးဆရာ ဇော်လွင်ဦး (ဟင်္သာတ)၏ “ထနော့” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။

ယင်းစာအုပ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးခရိုင် ကလောမြို့နယ် တောင်ပို့လှကျေးရွာ ဝန်းကျင်တွင် တွေ့ရသော လူသိ နည်းလှသည့် ထနော့တိုင်းရင်းသားတို့၏ဘဝနှင့် ဒေသအကြောင်းကို ရေးသားတင်ပြထားသည်။ ထို့ပြင် ထနော့တိုင်းရင်းသားများနှင့် ပတ်သက်၍ ဒေသန္တရ ပထဝီဝင်၊ ပျံ့နှံ့ရာဒေသနှင့် လူဦးရေ၊ ဘာသာရေး နှင့် ထုံးတမ်းစဉ်လာ၊ ယုံကြည်မှု၊ ဓလေ့စရိုက်၊ စာပေနှင့် ဘာသာစကား၊ လူမှုရေး၊ ရိုးရာပွဲတော်၊ စီးပွားရေး၊ အုပ်ချုပ်ရေးအကြောင်းတို့ကို ပြည့်ပြည့်စုံစုံ ရေးသားထားသည့်အပြင် ဓာတ်ပုံများနှင့်လည်း အားဖြည့် ထားသဖြင့် ဗဟုသုတများစွာရသည့် စာအုပ်ကောင်းတစ်အုပ်ဖြစ်ပြီး စာအုပ်ဈေးနှုန်းမှာ ငွေကျပ် ၁၆၀၀ ဖြစ်သည်။

ဆေးသားလွင့်ပြယ် မသွားသည့် လွမ်းချင်းများ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က ၂၀၁၇ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ စာပဒေသာ တတိယဆုရရှိသည့် စာရေးဆရာ မောင်သာလင်း၏ “ဆေးသား လွင့်ပြယ်မသွားသည့် လွမ်းချင်းများ” စာအုပ်ကို ဖြန့်ချိရောင်းချလျက် ရှိသည်။

ယင်းစာအုပ်တွင် ဆရာဗန်းမော်တင်အောင်၊ ဆရာမြသန်းတင့်၊ ဆရာတင်မိုး၊ ဆရာမောင်ခိုင်မာ၊ ဆရာဘဝင်းတို့အပါအဝင် စာရေးဆရာ များ၏အမှတ်ရစရာအကြောင်းများအပြင် ရေနံချောင်းလွမ်းချင်း ဘဝ ရုပ်ပုံလွှာကို ဆရာမောင်သာလင်းက လွမ်းစရာကောင်းအောင် ရသမြောက်စွာရေးဖွဲ့ထားသည်။ မြန်မာစာပေသမိုင်း၏ ကွက်လပ်တစ်ခုကိုကောင်းစွာ ဖြည့်ဆည်းပေးမည့် စာအုပ်ကောင်းတစ်အုပ် ဖြစ်ပြီး စာအုပ်ဈေးနှုန်းမှာ ငွေကျပ် ၁၂၀၀ ဖြစ်သည်။

ကနီခရီးသည်

ပြန်ကြားရေးဝန်ကြီးဌာန၊ ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်က ၂၀၁၈ ခုနှစ်အတွက် စာပေဗိမာန်စာမူဆု၊ စာပဒေသာ တတိယ ဆုရရှိသည့် နေအောင်သူ (ကနီ)၏ “ကနီခရီးသည်” စာအုပ်ကို ဖြန့်ချိ ရောင်းချလျက်ရှိသည်။

အဆိုပါ စာအုပ်တွင် စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့ခံ ဇာတိဖြစ်သူ ဆရာနေအောင်သူ (ကနီ)က မိမိဇာတိချက်မြှုပ်ဒေသရှိ သမိုင်းထင်ရှား သာသနိကအဆောက်အအုံများ၊ ဆရာတော်သံဃာတော်များ၊ လူပုဂ္ဂိုလ် များအကြောင်းကို ခရီးသွားမှတ်တမ်းဆောင်းပါးများအဖြစ် ပြုစုတင်ပြ ထားသည့်အပြင် ညောင်ဝန်း၊ နတ်ရဲတောင်၊ ကပိုင်ဒေသတို့မှ သိမှတ် ဖွယ်ရာ အဖြာဖြာနှင့် တွင်းတောင်ဒေသရှိ တွင်းပိုး၊ စိမ်းပြာရေညှိတို့ အကြောင်းကို ရေးသားတင်ပြထားသည့်အတွက် ဗဟုသုတရှာမှီးလိုသူများနှင့် ကနီမြို့အကြောင်း သုတေသနပြုလိုသူများအတွက် လက်ဝယ် ဆောင်ထားသင့်သည့် စာအုပ်ကောင်းဖြစ်ကာ စာအုပ်ဈေးနှုန်းမှာ ငွေကျပ် ၂၀၀၀ ဖြစ်သည်။

အဆိုပါ စာအုပ်များကို အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်စာအုပ်ဆိုင် (ဖုန်း-၀၁-၈၂၄၉၀၃၁၊ ၀၁- ၈၃၈၁၄၄၈)၊ အမှတ် (တ-၅၅)၊ သပြေကုန်းဈေး၊ နေပြည်တော်ရှိ စာပေဗိမာန် စာအုပ်ဆိုင် (ဖုန်း- ၀၆၇-၃၄၁၄၆၈၁)၊ ၈၆လမ်း၊ ၂၁လမ်းနှင့် ၂ လမ်းကြား၊ မန္တလေး မြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း-၀၂-၄၀၃၀၁၈၆)နှင့် အမြို့မြို့ရှိ စာပေဗိမာန်ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်း နှင့်လက်ကားမှာယူလိုပါက အမှတ် ၅၂၉-၅၃၁၊ ကုန်သည်လမ်းရှိ စာပေ ဗိမာန်အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) တို့သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်