Skip to main content

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများအား ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

နေပြည်တော် အောက်တိုဘာ ၉

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေး စခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ တင်သွင်းရာ၌ကုမ္ပဏီ (၃) ခုမှ ယာဉ်စီးရေ (၅) စီးဖြင့် အောက်ဆီဂျင် (အိုးခွံ) (၁၀၀) ၊ Oxygen Generator (၂)ခု ၊ PPE ဝတ်စုံ (၂၇၅၀)နှင့် နှာခေါင်းစည်း (Mask) (၁၇) တန်တင်သွင်းခဲ့သည်။

အောက်တိုဘာ (၁) ရက် မှ (၉) ရက်အတွင်း ကုမ္ပဏီ (၂၄) ခုမှ ယာဉ်စီးရေ (၅၇) စီး ဖြင့် အောက်ဆီဂျင်အရည် (Bowser)ယာဉ်ဖြင့် (၇၈) တန်၊ Storage Container(၂)ခု၊ အောက်ဆီဂျင် (အရည်) Distributor (၃) ခု၊ အောက်ဆီဂျင် (အိုးခွံ) (၈၆၉၂)ခု၊ Oxygen Plant (၁၀)ခု၊ Oxygen Generator (၂)ခု၊ အိမ်သုံး အောက်ဆီဂျင်စက် (Oxygen Concentrator) (၆၇၅)ခု၊ Test Kit (၁၀၀၀၀) ၊ PPE ဝတ်စုံ (၂၇၅၀)၊ လက်အိတ်(၁၆)တန် နှင့် နှာခေါင်းစီး (Mask) (၂၃၄)တန် တင်သွင်း ခွင့်ပြုခဲ့ပြီးဖြစ်သည်။

အောက်တိုဘာ(၁)ရက် မှ (၉)ရက်အတွင်း ပြည်ပမှ တင်သွင်းသည့် အောက်ဆီဂျင် အရည်(Bowser) ယာဉ် စုစုပေါင်း(၄) စီးမှာ ရန်ကုန်မြို့သို့ ဖြစ်ပြီး Oxygen Plant စုစုပေါင်း (၁၀) မှာ ရန်ကုန်မြို့သို့ (၅)ခု၊ ကူမဲမြို့သို့ (၂)ခု ၊ မန္တလေးမြို့၊  ဟုမ္မလင်းမြို့ နှင့် ကျုံဒိုးမြို့များသို့ (၁) ခု စီ ဖြစ်ကြောင်း သိရှိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပစ္စည်းများကို သက်ဆိုင်ရာ ဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေး တင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူ သိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သိရသည်။ 

(သတင်းစဉ်)