နေပြည်တော် အောက်တိုဘာ ၉
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနတို့မှ ဝန်ထမ်းများနှင့် မိသားစုဝင်များ အသုံးပြုနိုင်ရန်အတွက် မြန်မာသံရုံး၊ ပေကျင်းမြို့၏ ညှိနှိုင်း ဆောင်ရွက်မှုဖြင့် တရုတ်နိုင်ငံ World Green Design Organization (WGDO) Myanmar မှ ယွမ်ငွေ ၄,၂၅၄,၈၀၀/- (ငွေကျပ် ၁,၀၆၃,၇၀၀,၀၀၀/-) တန်ဖိုးရှိ Prescription Tea for Prevention of Covid-19 အထုတ် (၁၀၀၀) ၊ Sterilized Air Purifier Mask (၁၂၀၀၀) ၊ N95 Mask (၁၁၀၀၀) ခု၊ Portable Sterilizing Kit (၂၀၀) ခု၊ 10L Oxygen Concentrator (၈) လုံးနှင့် Philips Non-Invasive Ventilator (၂) လုံးတို့ကို အောက်တိုဘာ ၈ ရက် နံနက် ၁၀ နာရီခွဲတွင် နိုင်ငံခြားရေးဝန်ကြီးဌာနသို့ လာရောက်လှူဒါန်းခဲ့ရာ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)