Skip to main content

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆေးနှင့်ဆေးပစ္စည်းများ၊ အသား၊ ငါးများနှင့် စားသောက် ကုန်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် လက်လီလက်ကားရောင်းချပေးသည့် အစီအစဉ် အား တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိ

 

နေပြည်တော်၊ အောက်တိုဘာ  ၈

   

ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းဖြစ်ပွားနေသည့်ကာလအတွင်း ရန်ကုန်တိုင်း  ဒေသကြီးအတွင်းရှိ ပြည်သူများ၏ ဆေးဝါးလိုအပ်ချက်အား ဖြည့်ဆည်းပေးနိုင်ရေး၊ ဆေးဝါးများလွယ်လင့်တကူဝယ်ယူနိုင်ရေး အရည်အသွေးနှင့် ဈေးနှုန်း မှန်ကန်စွာရရှိစေ ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ မြန်မာနိုင်ငံ ဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှုဖြင့် ဒုတိယနေရာအဖြစ် ပန်းဘဲတန်းမြို့နယ်၊ ကုန်သည်လမ်းနှင့် ဗိုလ်ဆွန်ပက်လမ်းထောင့်ရှိ မြန်မာအပြည်ပြည် ဆိုင်ရာကုန် သွယ်မှုဗဟိုဌာန အဆောက် အအုံ၌ အိမ်သုံးဆေးဝါးများ လက်လီ လက်ကား ဖြန့်ဖြူး ရောင်းချခြင်းအစီအစဉ်ကို ယနေ့တွင် ဆောင်ရွက်ခဲ့ရာ ဆေးနှင့် ဆေးပစ္စည်း ဖြန့်ဖြူးရောင်းချသောကုမ္ပဏီ ၇ ခုမှ အိမ်သုံးဆေးဝါး ၁၀၅ မျိုးအား ရောင်းချပေး ခဲ့သည်။

   

အလားတူ ပထမအစီအစဉ်အဖြစ် ဖွင့်လှစ်ရောင်းချပေးလျက်ရှိသည့် အလုံမြို့ နယ်၊ ကမ်းနားလမ်း၊ လွတ်လပ်ရေး ရပ်ကွက်၊အမှတ်(၁၀၄/၁၀၈)နေရာ၌ လည်း ၄၀ ရက်မြောက်နေ့အဖြစ် ဆက်လက်ရောင်းချပေးလျက်ရှိပြီး ယနေ့တွင် ဆေးနှင့် ဆေး ပစ္စည်းများ ရောင်းချပေးနိုင်ခဲ့သည်။

 

ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့်  ရန်ကုန်တိုင်းဒေသ ကြီးအတွင်းရှိ မြို့နယ်အချို့ တွင်လည်း ရွေ့လျားဈေးကားဖြင့် အသား၊ ငါးများနှင့် စားသောက်ကုန်များကို ရောင်းချပေးခဲ့ ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်