Skip to main content

အားလုံးပူးပေါင်းပါဝင် အားထုတ်မှုများဖြင့် ကပ်ရောဂါအကျပ်အတည်းကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်ခဲ့ခြင်းဖြစ်

 

နေပြည်တော် အောက်တိုဘာ ၈

 နေပြည်တော်တွင် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်း များဖြစ်သော Quarantine Center နှင့် Positive Center များဖွင့်လှစ်ဆောင်ရွက်ရာတွင် လိုအပ်သော  ခုတင်များ၊ Oxygen အိုးများနှင့် အခြားဆက်စပ်ပစ္စည်းများကို ကူညီပံ့ပိုးဆောင်ရွက်ပေးခဲ့သည့် ဌာန/ အဖွဲ့ အစည်းများ၊ တက္ကသိုလ်များ၊ သင်တန်းကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများကို ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၁၁နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေး ခန်းမ ၌ ကျင်းပသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်နိုင်က နေပြည်တော်တွင် ဌာန/ အဖွဲ့အစည်း အသီးသီး၏ ပံ့ပိုးကူညီမှု၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာ များနှင့် စေတနာ့ဝန် ထမ်းများက စိတ်ဓာတ်၊ စည်းလုံးမှုနှင့် အားလုံးပူးပေါင်းပါဝင် အားထုတ်မှု များဖြင့် စွမ်းစွမ်းတမံ ကိုယ်ကျိုးစွန့် အနစ်နာခံ ဆောင်ရွက်ခဲ့သဖြင့် ကပ်ရောဂါအကျပ်အတည်းကို အတိုင်းအတာတစ်ခုအထိ ကျော်လွှားနိုင်ခဲ့ခြင်း ဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်ကျောင်းများကို ကျန်းမာရေး ညွှန်ကြား ချက်များနှင့်အညီ သတ်မှတ်အချိန်မီပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက်ကို လိုအပ်သည်များကြို တင်ပြင်ဆင် ဆောင်ရွက်ထားကြရမည် ဖြစ်ပါကြောင်း၊ နေပြည် တော်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါတားဆီး ကာကွယ် ရေးလုပ်ငန်းများတွင် ကျရာအခန်းကဏ္ဍမှ လိုအပ်သည့် ခုတင်၊ အောက်ဆီဂျင်အိုးနှင့် အခြား ဆက်စပ်ပစ္စည်းလိုအပ်ချက်များကိုဝိုင်းဝန်းကူညီပံ့ပိုး ဆောင်ရွက်ခဲ့သည့် ဌာန/ အဖွဲ့ အစည်းများ၊ တက္ကသိုလ်များ၊ သိပ္ပံကျောင်းများနှင့် ကိုယ်ပိုင် အထက်တန်းကျောင်းများအားလုံးကို နေပြည်တော် ကောင်စီအနေဖြင့် မှတ်တမ်း တင်ဂုဏ်ပြုပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ တားဆီးကာကွယ်ရေးလုပ်ငန်းကို အမျိုးသားရေး တာဝန်တစ်ရပ် အနေဖြင့် အရှိန်အဟုန် မပျက် အားလုံးပူးပေါင်းပြီး ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ရေ ဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာ တက္ကသိုလ်၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (တည်ဆောက်ရေး-၅) တို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာတာဝန်ရှိ သူများက လက်ခံရယူကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ နှင့် နေပြည်တော်ကောင်စီအတွင်းရေးမှူးတို့က အစိုးရနည်းပည ာကောလိပ်(နေပြည်တော်)၊ စိုက်ပျိုး ရေးသိပ္ပံ(ပျဉ်းမနား)၊ သူနာပြုသင်တန်းကျောင်း (နေပြည်တော်)၊ သားဖွားသင်တန်းကျောင်း(နေပြည်တော်)၊ အစိုးရနည်းပညာအထက်တန်းကျောင်း (နေပြည်တော်)၊ ပညာ့ပန်းတိုင် ကိုယ်ပိုင်အထက် တန်းကျောင်း ၊ Wisdom Hill ကိုယ်ပိုင်အထက်တန်း ကျောင်း၊ မြန်မာနိုင်ငံ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း(ဗဟို)၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာ အဖွဲ့ချုပ်၊ USM ကိုယ်ပိုင် အထက်တန်းကျောင်း၊ CAE ကိုယ်ပိုင်အထက်တန်းကျောင်း ၊ OIAC ကိုယ်ပိုင် အထက်တန်းကျောင်း၊ မန်းရှင် အောက်ဆီဂျင်စက်ရုံ၊ ပညာလွင် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဟိန်းရတနာအောင် ကိုယ်ပိုင် အထက်တန်း ကျောင်း၊ ယွမ်ယွမ်ကုမ္ပဏီတို့ကို ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရ ယူကြသည်။

ထို့နောက် တက်ရောက်လာသူများ ကိုယ်စား ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ ဒေါက်တာ နေမျိုးအောင် ဌာနမှူး(စီမံ)က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်