တစ်နိုင်တစ်ပိုင်လုပ်ငန်းနှင့် စီးပွားဖြစ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကို ခွဲခြားသိမြင် ရမည်ဖြစ်ပြီး ဈေးကွက် လိုအပ်ချက်ထက် ပိုလျှံမှုရှိစေရန်နှင့် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်အောင် စဉ်းစားတွက်ချက် ဆောင်ရွက်ရ မည်ဖြစ်ကြောင်း” အောက်တို ဘာလ ၆ ရက်နေ့က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီး ချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သီလဝါဘက်စုံစိုက် ပျိုးမွေးမြူရေးဇုန်တွင် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသောနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးနှင့် တွဲဖက်၍လည်းကောင်း၊ သီးခြားအဖြစ် လည်းကောင်း မွေးမြူရေးလုပ်ငန်းများကိုလည်း လုပ်ကိုင်ကြသည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ကိုင်ရာ၌လုပ်ငန်း အမျိုးမျိုးရှိမည်ဖြစ်ပြီး အဓိကမှာ ပြည်တွင်းစားသုံးမှုဖူလုံရေးအတွက် ဦးစားပေးလုပ်ကိုင် ကြပြီး ပြည်ပဈေးကွက်နှင့်တန်းမီသော ထုတ်ကုန်များကိုလည်း သီးခြားထုတ်လုပ်ကြသည်။ စိုက်ပျိုးမွေးမြူရေး ကိုအခြေခံ၍ ကူးသန်းရောင်းဝယ်ဖောက်ကားကြရာ၌ တွက်ခြေကိုက်သည့်ထုတ်ကုန်များရှိ သလိုတွက် ခြေမကိုက်သည့်ထုတ်ကုန် များလည်းရှိသဖြင့် စိုက်ပျိုးမွေးမြူသူများနှင့် ထုတ်လုပ်ဝယ်ရောင်းကြ သူများသည် နစ်နာမှုများ ရံဖန်ရံခါကြုံကြရသည်။
အထူးသဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ပစ္စည်းများကို ရောင်းဝယ်ဖောက်ကားကြ သူများအနေဖြင့် ပြည်ပဈေးကွက် တွင် မူဆယ်နယ်စပ်ကုန်သွယ်ရေးကို အဓိကအားပြုကြရာ ရောင်းဝယ်ဖောက်ကားမှုနှင့် ကုန်ပစ္စည်းအမည် တို့နှင့်ပတ်သက်၍ မမျှော်မှန်းနိုင်သောအနေအထားနှင့် ကန့်သတ်မှု၊ ဆိုင်းငံ့မှုများကြောင့် စိုက်ပျိုး မွေးမြူရေး ကုန်ပစ္စည်းရောင်းချသူများ အခက်အခဲများ၊ ဆုံးရှုံးမှုများနှင့် မကြာမကြာ ကြုံတွေ့နေကြရသည်ကို တွေ့ရမည်ဖြစ်သည်။ ထို့ကြောင့် ဈေးကွက်နှင့်လျာထား ချက်တို့ကို အံဝင်ခွင်ကျဖြစ်အောင် စဉ်ဆက်မပြတ် လေ့လာစေ့ငု၍ ချင့်ချိန်တွက်ဆဆောင်ရွက်ကြရန် လိုအပ်မည်ဖြစ်သည်။ ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီမည့် ရာသီသီးနှံနှင့် မွေးမြူရေးထွက်ကုန်များကို ဈေးကွက်လိုအပ်ချက်နှင့်အညီ မျှော်မှန်းတွက်ဆ၍ ထုတ်လုပ်ကြ ရန်လိုအပ်သည်။
ပြည်သူများ နေ့စဉ်လိုအပ်လျက်ရှိသည့် စားနပ်ရိက္ခာများကို ဖြည့်ဆည်းပေး လျက်ရှိရာ၌ တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးသည် ဈေးကွက်ငယ်များအတွက် အဆင်ပြေမှုရှိမည်ဖြစ်ပြီး စီးပွားဖြစ် စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများအနေဖြင့် တစ်နိုင်ငံလုံးလွှမ်းခြုံ၍ ထုတ်လုပ်ကြရန်လိုပြီး ဈေးကွက်လိုအပ်ချက် ထက်ပိုလျှံမှု ရှိအောင်ထုတ်လုပ်ကာ ပြည်တွင်းအတွက်သာမက ပြည်ပသို့တင်ပို့နိုင်သည့်အဆင့် အထိ စဉ်ဆက်မပြတ် တီထွင်ကြံဆမြော်တွေးလုပ်ကိုင်ကြရန် လိုအပ်သည်။ တစ်ပိုင် တစ်နိုင်ဈေးကွက်ကိုလည်း မထိခိုက်အောင်လုပ် ဆောင်ခြင်းဖြင့် အားလုံးအဆင်ပြေ မည့်ဈေးကွက်ကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။
ဈေးကွက်ကို ကြီးမားကျယ်ပြန့်အောင် ချဲ့ထွင်ရာ၌ ကုန်ပစ္စည်းအမည်သစ်များကို တိုးချဲ့ထုတ်လုပ်နိုင်အောင် တီထွင်ကြံဆကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် အသေးစား၊ အလတ်စား ကုန်ပစ္စည်းထုတ်လုပ်မှုများ စဉ်ဆက်မပြတ်လည်ပတ်နေမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွင် ရေရှည်ခံသောကုန် ပစ္စည်းများကို ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ပြီး ဥပမာအားဖြင့် အေးခဲထုပ်ပိုး ထားသော အသားများထုတ်လုပ်နိုင်ရေးနှင့် အုန်းကဲ့သို့ နှစ်ရှည်ပင်မှ အုန်းဆီ၊ အုန်းမီးသွေး၊အုန်းဆန်တုံး၊ အုန်းဆံကြိုး စသည့် အုန်းထွက် ပစ္စည်းအမျိုးမျိုးကို ထုတ်လုပ်ကြရန်လိုအပ်သည်။ အုန်းပင်မှ အုန်းထွက်ပစ္စည်း များသည် နေ့စဉ်အသုံးအဆောင်များတွင် မရှိမဖြစ်ပါဝင်နေပြီး ကမ်းရိုးတန်းဒေသများ၌ တွင်ကျယ်စွာ စိုက်ပျိုးနိုင် ကာ သဘာဝဘေးအန္တရာယ်ကိုလည်း အကာအကွယ် ပေးနိုင်သည့်အပင်ဖြစ်သည်။
မွေးမြူရေးလုပ်ငန်းကို ဆောင်ရွက်ရာ၌ ဒေသတွင်းဖူလုံမှုကို ဦးစွာစဉ်းစားပြီး ပြည်ပသို့ တင်ပို့နိုင်ရေး ဆောင်ရွက် နိုင်သည်။ မြန်မာနိုင်ငံသည် နို့စားနွားမွေးမြူရေးကို တွင်ကျယ်စွာလုပ်ကိုင်နိုင်သော်လည်း နို့နှင့်နို့ထွက်ပစ္စည်း များကို ပြည်ပမှတင်သွင်းနေရသဖြင့် နိုင်ငံခြားငွေယိုပေါက်ဖြစ်နေသည်။ နို့စားနွားမွေးမြူရေး လုပ်ငန်းမှ နို့နှင့်နို့ထွက်ပစ္စည်းများ အရည်အသွေးပြည့်ဝစွာဖြင့် အောင်မြင်စွာထုတ်လုပ်ပြီး ပြည်ပသွင်းကုန် အစားထိုးထုတ် လုပ်နိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေထွက် သယံဇာတပေါများကြွယ်ဝလှသဖြင့် ငါးပုစွန်ထုတ်လုပ်ရေး လုပ်ငန်း ဆောင်ရွက်ရာတွင် အိမ်သုံးနှင့်ဆိုင်သုံးအတွက် ပုံမှန်အသားရောင်းချခြင်းမှ ခုတ်သားများထုတ်လုပ် နိုင်ရေး အကန့်လိုက်အရွယ်အစားခွဲခြား၍ တွက်ချက်မွေးမြူခြင်းဖြင့် အသားဖူလုံ ရေးနှင့် ပြည်ပပို့ကုန်အတွက်ပါ ရည်မှန်းဆောင်ရွက်နိုင်သည်။
သို့ဖြစ်ရာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို သက်ဆိုင်ရာဇုန်များအလိုက်၊ နယ်မြေဒေသအလိုက် တွင်ကျယ်စွာ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသောက်နိုင်ကြပြီး ကျန်းမာရေး နှင့်လည်း ညီညွတ်မည် ဖြစ်သည်။ ပြည်တွင်းစားသုံးမှု ဖူလုံပိုလျှံပြီးပြည်ပသို့ပါ အရည်အသွေးမီ စနစ်တကျ တင်ပို့ရောင်းချနိုင်ပါက နိုင်ငံခြားငွေ တိုးတက်ရရှိပြီး နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်လာ ကာ ပြည်သူများလည်း လူမှုစီးပွားမြင့်မားတိုးတက်လာမည်ဖြစ်ပါကြောင်း။
(ကြေးမုံ အယ်ဒီတာ့အာဘော်)