Skip to main content

COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍သတင်းထုတ်ပြန်ခြင်း (၈-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင် ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာ ကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပါသည်။

COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့် သတ်ထားရှိသူများအား COVID-19 ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်း အား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၇-၁၀-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီမှ (၈-၁၀-၂၀၂၁)ရက်နေ့၊ ည (၈:၀၀)နာရီအတွင်း ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၈,၇၆၂)ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁,၄၆၆)ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှု ရာခိုင်နှုန်းမှာ (၇.၈) ရာခိုင်နှုန်း ရှိပါသည်။

 

သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၄၆၉,၁၉၄)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၄၇၅,၈၈၅) ဦး ရှိပြီဖြစ်ပါသည်။

 

ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၂၃၉) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၂၉,၁၈၀)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၃၄) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၈,၀၆၈) ဦး ရှိပါသည်။

         

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းကို-(က) ရောဂါဖြစ်ပွားမှုနှင့် ရောဂါကြောင့်သေဆုံးမှုကို လျှော့ချရန်၊

 

(ခ) ရောဂါကူးစက်ပြန့်ပွားမှုကို တားဆီးရန်၊

 

(ဂ) ရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့စီးပွားရေးထိခိုက်မှုကို လျှော့ချနိုင်ရန် ရည်ရွယ်ချက်များ ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ ထိုးနှံပေးလျက်ရှိသော ကာကွယ်ဆေးများသည် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့မှ အသိအမှတ်ပြုထားသည့် အာနိသင်ထက်မြက်၍ ဘေးကင်းလုံခြုံ စိတ်ချရပြီး အရည်အသွေး ကောင်းမွန်သည့်ဆေးများဖြစ်ပါသည်။

 

သို့ဖြစ်ပါ၍ မိဘပြည်သူများအနေဖြင့် ကာကွယ်ဆေးနှင့်ပတ်သက်သည့် သတင်း အမှားများနှင့် ကောလာဟလသတင်းများကို မယုံကြည်ကြပါရန်နှင့် မိမိအတွက် ရရှိသောကာကွယ်ဆေးသည် မိမိကိုယ်တိုင်နှင့် မိသားစုအသိုင်းအဝန်းအတွက် အကောင်း ဆုံးဖြစ်ပါ၍ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် စနစ်တကျတက်ကြွစွာ ပါဝင်ပူးပေါင်း ဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်အင်တာ နက်စာမျက်နှာ www.mohs.gov.mmတွင် ဝင်ရောက်ကြည့်ရှု နိုင်ပါသည်။