နေပြည်တော်၊ အောက်တိုဘာ ၈
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း သည် ယနေ့ နံနက် ၁၁ နာရီခွဲတွင် ဗွီဒီယိုကွန်ဖရင့်ဖြင့်ကျင်းပသည့် Indo-ASEAN Business Summit & Expo သို့ တက် ရောက်အမှာ စကားပြောကြားသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အာဆီယံနှင့် အိန္ဒိယနိုင်ငံတို့အကြား စီးပွားရေး နှင့်ကုန်သွယ်မှုများတွင် ချစ်ကြည်ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့သည်မှာ အချိန်ကာလ အားဖြင့် ကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ အာဆီယံ နှင့် အိန္ဒိယတို့သည် စီးပွားရေး၊ ယဉ်ကျေးမှု၊ ကုန်သွယ်မှုတွင်လည်း အလွန်နက် ရှိင်းသည့်ဆက်ဆံရေး ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံသည် အာဆီယံ အတွက်သာမက မြန်မာနိုင်ငံအတွက်လည်း အကြီးဆုံးကုန်သွယ်ဖက် နိုင်ငံဖြစ်ပါ ကြောင်း၊ အာဆီယံ-အိန္ဒိယ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုမှတစ်ဆင့် ဒေသတွင်းရှိ ပြည်သူများ အတွက် အခွင့်အလမ်းများနှင့် အောင်မြင်မှုများ ကိုယူဆောင်လာနိုင်မည်ဟု မိမိအနေဖြင့် ယုံကြည်ပါ ကြောင်း၊ အာဆီယံ-အိန္ဒိယ FTA အောက်မှ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာအကူအညီ၊ သင်တန်း/ ဆွေးနွေး ပွဲများတွင် ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ MSMEs ကဏ္ဍဖွံ့ဖြိုးတိုးတက် ရေးအတွက် ဒေသတွင်းနိုင်ငံ များနှင့် သာမက အခြားနိုင်ငံများနှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း။
မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်-၁၉ ကြောင့်ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးလုပ်ငန်းများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီကို ဖွဲ့စည်းဆောင်ရွက်လျက်ရှိရာ ဒေသတွင်းစီးပွားရေး ဖွံ့ဖြိုးတိုး တက်လာစေရေးအတွက် မိတ်ဖက်နိုင်ငံ များနှင့် လက်တွဲဆောင်ရွက်သွားလိုပါကြောင်း၊ ထို့ပြင်ကုန်သွယ်မှုတိုးမြှင့်ရေးနှင့် အဆင်ပြေချောမွေ့ စေရေး အတွက် အရေးပါသည့် အကောက် အခွန် မဟုတ်သောအတားအဆီးများ ဖြေလျော့ရေးအတွက်လည်း ပူးပေါင်း ဆောင်ရွက်သွားရန် တိုက်တွန်းလိုပါကြောင်း၊ မိမိတို့နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ရင်ဆိုင်နေကြရသည့်ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးစိန်ခေါ်မှုများကို ဖြေရှင်း နိုင်မည်ဖြစ်ပြီး အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သောဒေသအဖြစ် ဖန်တီးသွား နိုင်မည်ဟု ယုံကြည်ပါ ကြောင်း ပြောကြားသည်။
အဆိုပါ Business Summit & Expo သို့ အိန္ဒိယသမ္မတနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှု ဝန်ကြီးဌာန ဝန်ကြီး H.E. Mr. Piyush Goyal နှင့် အာဆီယံနိုင်ငံများမှ ကုန်သွယ်ရေးဝန်ကြီးများ၊ အိန္ဒိယနိုင်ငံ Confederation of Indian Industry (CII) မှ ဥက္ကဌ Mr.T V Narendran ၊ ညွှန်ကြားရေးမှူးချုပ် Mr.Chandrajit Banerjee နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိ ရသည်။
(သတင်းစဉ်)