Skip to main content

ငွေကြေးလိမ်လည်ခံရမှုကြောင့် နေရပ်သို့ပြန်ရန် အခက်အခဲဖြစ်ပေါ်လျက်ရှိသည့် မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသား သုံးဦးကို နိုင်ငံတော်အစိုးရ၏ အကူအညီဖြင့် ထပ်မံခေါ်ဆောင် နေပြည်တော် အောက်တိုဘာ ၇ ပြည်ပနိုင်ငံအသီးသီးသို့ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာနိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် နိုင်ငံသားများအား ၎င်းတို့နေရပ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် လိုအပ်သည့်ကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ လူမှုကူညီရေး အသင်းအဖွဲ့များမှ တစ်ဆင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရ

နေပြည်တော် အောက်တိုဘာ ၇

ပြည်ပနိုင်ငံအသီးသီးသို့ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာလာနိုင်ရန် အခက်အခဲ ဖြစ်ပေါ်နေသည့် နိုင်ငံသားများအား ၎င်းတို့နေရပ်သို့ အမြန်ဆုံး ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် လိုအပ်သည့်ကူညီမှုများကို ဆောင်ရွက်ပေးလျက်ရှိရာ လူမှုကူညီရေး အသင်းအဖွဲ့များမှ တစ်ဆင့် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးသို့ စက်တင်ဘာ ၁၃ ရက်တွင် ဆက်သွယ်လာခဲ့သည့် မြန်မာနိုင်ငံသားခြောက်ဦးအနက် သုံးဦးကို စက်တင်ဘာ ၂၉ ရက်တွင် မြန်မာနိုင်ငံသို့ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ပြန်လည်ရောက်ရှိရန် ကျန်ရှိ သည့် သုံးဦးကို ယနေ့တွင် ပြန်လည်ခေါ်ဆောင်ပေး နိုင်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ သုံးဦးကို မြန်မာနိုင်ငံသို့ ပြန်လည် ထွက်ခွာနိုင်ရေးအတွက် မလေးရှားနိုင်ငံမှ တာဝန် ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ရောဂါနှင့် ပတ်သက်၍ လိုအပ်သည့် စစ်ဆေးခြင်းများ ပြုလုပ်ပြီး ယနေ့မွန်းလွဲပိုင်းတွင် မလေးရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြည်ပြည်ဆိုင်ရာ မြန်မာ လေကြောင်းလိုင်း(MAI)၏ ကယ်ဆယ်ရေးလေယာဉ် (Relief Flight)ဖြင့် ပြန်လည်ခေါ်ဆောင်ပေးခဲ့ရာ ညနေ ၄ နာရီခန့်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိခဲ့သည်။

အလားတူ ငွေကြေးလိမ်လည်ခံခဲ့ရသည့် မြန်မာ နိုင်ငံသား ၁၇ ဦးကို မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးနှင့် မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ)ရုံးတို့မှ တာဝန်ရှိသူများ၏ ကူညီဆောင်ရွက် ပေးမှုများကြောင့် စက်တင်ဘာ ၆ ရက်နှင့် ၂၀ ရက်တို့တွင် အသုတ်လိုက် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ခဲ့ပြီးဖြစ်သည်။

နိုင်ငံတော်အစိုးရအနေဖြင့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရန် အခက်အခဲရှိနေသူများကို လိုအပ်သည့်ကူညီမှုများ ဆောင်ရွက်ပေးလျက် ရှိသည့်အတွက် ပြန်လည်ရောက်ရှိရန် အခက်အခဲဖြစ်ပေါ်နေသူများအနေဖြင့် သက်ဆိုင်ရာနိုင်ငံအလိုက်ရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံး၊ စစ်သံရုံး၊ ကောင်စစ်ဝန်ရုံးများ သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်