Skip to main content

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာနယ်ပယ် (၃) အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီအစည်းအဝေးကျင်းပ

နေပြည်တော် အောက်တိုဘာ ၄

ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ အမျိုးသား အဆင့် မဟာဗျူဟာနယ်ပယ် (၃) အကောင်အထည်ဖော်မှု ကြီးကြပ် ရေးကော်မတီ အစည်းအဝေးကို အောက်တိုဘာ ရက် နံနက် ၁၀ နာရီတွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၌ ဗီဒီယိုကွန်ဖရင့်စနစ် ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့နယ်ပယ်() အကောင်အထည်ဖော်မှု ကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ၊ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ ဦးဆောင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာန၊ ငွေရေးကြေးရေး ကြီးကြပ် စစ်ဆေးရေးဦးစီးဌာနနှင့်ပြည်တွင်း အခွန်များဦးစီးဌာန၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ ဥပဒေ ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး၊ အထူးစုံစမ်း စစ်ဆေးရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့၊ အမှတ်() သတ္တုတွင်းလုပ်ငန်းနှင့် အမှတ်() သတ္တုတွင်းလုပ်ငန်း၊ မြန်မာ့ကျောက်မျက် ရတနာရောင်းဝယ်ရေးလုပ်ငန်း၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံဘဏ်များအသင်း၊ မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း၊ မြန်မာ နိုင်ငံရှေ့နေများအသင်း၊ မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ မြန်မာနိုင်ငံ ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်းနှင့် မြန်မာနိုင်ငံ အိမ်ခြံမြေအကျိုးဆောင်များအသင်းတို့မှ တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဘဏ်နှင့် ငွေရေးကြေးရေး အဖွဲ့အစည်းများ၊ ငွေရေးကြေးရေး မဟုတ်သော စီးပွားရေးလုပ်ငန်းများနှင့် ကျွမ်းကျင်မှုဆိုင်ရာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု  တိုက်ဖျက်ရေးဆိုင်ရာ ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရေးအတွက် လိုအပ်သော ဥပဒေမူဘောင်နှင့် စည်းမျဉ်းစည်းကမ်းများ ခိုင်မာရေး၊ သတင်းပေးပို့မှု ယန္တရားနှင့် နည်းစနစ်များနှင့်အညီ သတင်းပေးပို့စေရေးနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ကဏ္ဍတစ်ခုချင်းအလိုက် အသေးစိတ် ဆွေးနွေးကြခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်