(၄-၁၀-၂၀၂၁) ရက်နေ့၊ ည (၈:၀၀)နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်း ကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ရောဂါ ထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေးထိုးနှံမှုခံယူခြင်းအား အထူး ဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့် အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါရှိ၊ မရှိ ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းအား ပုံမှန်ဆောင်ရွက်လျက်ရှိရာ (၃-၁၀-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီမှ (၄-၁၀-၂၀၂၁)ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၁၇,၁၆၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁,၃၁၉)ဦးတွေ့ရှိရပါသည်။ ထို့ကြောင့် ယနေ့အတွက် ရောဂါပိုး တွေ့ရှိမှုရာခိုင်နှုန်းမှာ (၇.၇) ရာခိုင်နှုန်းရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း (၄,၃၉၃,၁၈၀)ခုအား စစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၄၆၉,၇၈၂) ဦး ရှိပြီ ဖြစ်ပါသည်။
ယနေ့တွင် ဆေးရုံဆင်းခွင့်ရရှိသူ (၁,၄၄၂) ဦး ဖြစ်သဖြင့် ယနေ့အထိ စုစုပေါင်း (၄၂၄,၁၉၇)ဦး ဆေးရုံမှ ဆင်းခွင့်ရရှိပြီး ဖြစ်ပါသည်။ COVID-19 ရောဂါဖြင့် ထပ်မံသေဆုံးသူ (၃၈) ဦး ရှိသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း (၁၇,၉၂၁) ဦး ရှိပါသည်။
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် COVID-19 ရောဂါကူးစက်ဖြစ်ပွားမှု အခြေအနေများအား ကူးစက်ရောဂါစောင့်ကြပ်ကြည့်ရှုရေး ရက်သတ္တပတ်အလိုက် ဓာတ်ခွဲနမူနာရယူစစ်ဆေးမှု၊ ဓာတ်ခွဲအတည်ပြုလူနာတွေ့ရှိရမှုနှင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်း အခြေအနေများအား စောင့်ကြပ် ကြည့်ရှုလျက်ရှိရာ အပတ်စဉ်(၃၇) တွင် ဓာတ်ခွဲနမူနာစုစုပေါင်း (၁၅၈,၁၄၆) ခု အား စမ်းသပ်စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၄,၉၉၁) ဦး ရှိသဖြင့် ပျမ်းမျှရောဂါပိုး တွေ့ရှိမှုနှုန်း (၉.၅) ရာခိုင်နှုန်း၊ အပတ်စဉ်(၃၈) တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃၃,၂၈၂) ခုအား စမ်းသပ်စစ်ဆေးခဲ့ရာ ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၁၁,၇၄၉) ဦး ရှိသဖြင့် ပျမ်းမျှရောဂါ ပိုးတွေ့ရှိမှုနှုန်း (၈.၈) ရာခိုင်နှုန်းနှင့် အပတ်စဉ်(၃၉) တွင် ဓာတ်ခွဲနမူနာ စုစုပေါင်း (၁၃၆,၈၂၉)ခု အား စမ်းသပ်စစ်ဆေးခဲ့ရာ ဓာတ်ခွဲ အတည်ပြုလူနာ စုစုပေါင်း (၁၀,၆၄၉)ဦးရှိသဖြင့် ပျမ်းမျှ ရောဂါပိုးတွေ့ရှိမှုနှုန်း (၇.၈)ရာခိုင်နှုန်း တို့ဖြစ်ကြောင်း တွေ့ရှိရ သဖြင့် ဓာတ်ခွဲအတည်ပြုလူနာ တွေ့ရှိရမှုမှာ လျော့နည်းလာခဲ့ပြီး ပျမ်းမျှရောဂါပိုးတွေ့ရှိမှု ရာခိုင်နှုန်းလည်း လျော့နည်းလာကြောင်း တွေ့ရှိရပါသည်။ ထိုသို့ ရောဂါကူးစက်မှုလျော့နည်း လာရခြင်းမှာ ကျန်းမာရေးဝန်ကြီးဌာန၏ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ တွင် ပြည်သူလူထု၏ အားတက်သရော ပူးပေါင်းပါဝင် ဆောင်ရွက်မှုကြောင့်ဖြစ်သဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့ကဏ္ဍအလိုက် COVID-19 ရောဂါထိန်းချုပ်ရေးလုပ်ငန်းများတွင် ယခုထက် ပိုမိုပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
COVID-19 ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင် အင်တာနက်စာမျက်နှာ www.mohs.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
#Ministry of Health