Skip to main content

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့နှင့် သတင်းမီဒီယာများပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ မှတ်တမ်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့၏ (၉/၂၀၂၁) ကြိမ်မြောက်သတင်းစာ ရှင်းလင်းပွဲအခမ်းအနားကို စက်တင်ဘာ ၃၀ ရက် မွန်းလွဲပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦးတို့က သတင်းမီဒီယာများ၏ သိရှိလိုသည့် မေးမြန်းမှုများကို ပြန်လည် ဖြေကြားသည်။

 

(ယမန်နေ့မှအဆက်)


97 သတင်းမီဒီယာမှ သတင်းထောက်ချုပ် နန္ဒလင်း(ထားဝယ်)က ပြင်ဦးလွင်ဒေသတွင် One Village၊ One Product စနစ်ဖြင့် ကော်ဖီ စိုက်ပျိုးရေးလုပ်ငန်းများကို အထွက်နှုန်းကောင်းမွန်စေရန် အတွက် Quality Product ဖြစ်စေရန် ကူညီဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိသည်ဟု သိရှိ ရကြောင်း၊ ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေးနှင့်ပတ်သက်၍ နိုင်ငံတော်အစိုးရ အနေဖြင့်မည်သို့ ကူညီဆောင် ရွက်ပေးနေပါသလဲ၊ နောင်လည်း ဘယ်လိုကူညီဆောင်ရွက်ပေးရန်ရှိသည်ကို သိလိုပါကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကော်ဖီစိုက်ပျိုးခြံများကို သွားရောက်သည့်အခါ ကော်ဖီစိုက်ပျိုးသည့် တောင်သူများနှင့် နိုင်ငံတော်ဝန်ကြီး ချုပ်တို့  တွေ့ဆုံခဲ့ပြီးဖြစ်ကြောင်း၊ ထိုတောင်သူများဆီက အကြံÓဏ်များကိုလည်းရယူခဲ့ပြီးဖြစ်ကြောင်း၊   မိမိတို့ဆောင်ရွက်သွားမည့် ကော်ဖီလုပ်ငန်းနှင့် ပတ်သက်၍ အစုအဖွဲ့နှင့် ဆောင်ရွက်ရန်၊ နံပါတ်နှစ်အချက်က  Quality ထိန်းရန်၊ နံပါတ်သုံး အချက်က ကော်ဖီနှင့်ပတ်သက်၍ နိုင်ငံခြား ဈေးကွက်ချဲ့ထွင်၍ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း၊ နိုင်ငံခြားဈေးကွက်ချဲ့ထွင်ပြီး   ပုံမှန်နိုင်ငံခြား ပို့ဆောင်ရေးလမ်းကြောင်းကိုရရှိအောင် မိမိတို့ ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။


Myanmar Public Press News Agency မှ  သတင်းထောက်  ဒေါက်တာစိုးမြင့်ဦးက ယခုအချိန်  တောင်သူလယ်သမားများက စိုက်ပျိုးစရိတ် ချေးငွေပြန်ဆပ်နေရသည့် ကာလဖြစ်ကြောင်း၊ ယင်းစိုက်ပျိုးရေးစရိတ် ချေးငွေပြန်ဆပ်သည့် အချိန်ကာလ နောက်ကျသည့်အတွက်   ဒဏ်ကြေးငွေ သတ်မှတ်ပေးသွင်းရတယ်ဟု   ကြားသိရကြောင်း၊   ထိုပေးသွင်းရသည့် ပမာဏက သိပ်မများသော်လည်း တောင်သူလယ်သမားများက ဝင်ငွေတော်တော်လေး ကျပ်တည်းနေသည့်အတွက် ထိုဒဏ်ကြေးငွေကို ဖြေလျှော့ပေးနိုင်ရန်  ဆောင်ရွက်ပေးနိုင်သလား ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက ယင်းကိစ္စက မူဝါဒနှင့်ဆိုင်သည့် မေးခွန်းဖြစ်ကြောင်း၊ ယင်းနှင့် ပတ်သက်၍ မိမိအနေဖြင့် သက်ဆိုင်သည့်လူများအား ဖြစ်ပျက်နေသော အခြေအနေများကို သတင်းပို့ပေးမည်ဖြစ်ကြောင်း၊ နည်းလမ်းနှစ်လမ်းရှိကြောင်း၊ တချို့ကလည်း ပြန်မဆပ်လို၍လည်း ဖြစ်နိုင်ကြောင်း၊ တချို့ကလည်း တကယ်မဆပ်နိုင်၍ ရှိကောင်းရှိလိမ့်မည်ဖြစ်ကြောင်း၊  သို့သော် ယခုကာလ အကျပ်အတည်းမှာ ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ပတ်သက်ပြီး   စီးပွားရေးပြန်လည် ကုစားရေးဆိုပြီး အစီအစဉ်များရှိကြောင်း၊ ထိုအစီအစဉ် ဘောင်အတွင်းက အကျုံးဝင်လျှင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

ဆက်လက်၍ Myanmar Public Press News Agency မှ သတင်းထောက် ဒေါက်တာစိုးမြင့်ဦးက  စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာကြောင်း၊ မြင့်တက်မှုနှင့်အတူ အချင်အတွယ်များ နည်းနည်း ကွဲလွဲ နေသလားဆိုသည်ကို  သံသယဖြစ်စရာ ရှိကြောင်း၊ ယခင်က ရန်ကုန်မှနေပြည်တော် အထိလာပါ က စက်သုံးဆီ ကျပ် ၂ သောင်းခန့်ထည့်လျှင် အဆင်ပြေကြောင်း၊ ဆီဖိုးမြင့်တက်မှုက  နှစ်ဆမဖြစ် ပေမယ့် ကုန်ကျစရိတ်က နှစ်ဆလောက်ဖြစ်သွားကြောင်း၊ ယခင်က တစ်လီတာကို ကျပ် ၁ ထောင် ဝန်းကျင်တွင် ကျပ် ၂ သောင်းကုန်လျှင် ယခုအချိန်တွင် ၄ သောင်းနှင့် မလုံလောက်သည့် အခက်အခဲရှိနေကြောင်း၊ ထိုအရာများကို  စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် ဆိုင်များတွင် ရောင်းချနေ သည့် အချင်အတွယ်များကို ပြန်လည်စစ်ဆေးပေးရန် ရှိနိုင်မည်လား ဆိုသည်ကို သိလိုကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက ထိုကိစ္စနှင့် ပတ်သက်၍ စက်သုံးဆီ အရည်အသွေးနှင့် စက်သုံးဆီ အချင်အတွယ်များ တိုင်းတာစစ်ဆေးသည့် ဌာနများရှိကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်ပြီး သံသယ ရှိပါက ၎င်းအဖွဲ့အစည်းနှင့် ဆက်သွယ်ပြီး ဆောင်ရွက်စေလိုကြောင်း ပြန်လည်ဖြေကြားသည်။

 

Myanmar National Post သတင်းဌာနမှ  အယ်ဒီတာချုပ်နောင်တော်လေး က (၇၆)ကြိမ်မြောက် ကုလသမဂ္ဂ အစည်းအဝေးတွင် ပြည်ပရောက်နေသည့် မြန်မာနိုင်ငံသားများက မြန်မာနိုင်ငံ အတွင်းမှာ NLD၊ PDF  အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ် ဖောက်ခွဲဖျက်ဆီးလုပ်ရပ် များကို ချပြပြီး  မြန်မာနိုင်ငံသူ/နိုင်ငံသားများလည်းငြိမ်းချမ်းရေးကိုသာ အလိုရှိသည်ဟု ဆန္ဒပြမှုများ လုပ်ခဲ့ကြသလို၊ ပြည်တွင်းမှ လက်မှတ်ရေးထိုးကြပြီး အားပေးထောက်ခံမှုများ ရှိကြောင်း၊  ၎င်းအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သဘောထား အမြင်အနေအထား မည်သို့ရှိ သည်ကို  သိလိုကြောင်း၊   ထို့နောက် ရန်ကုန်မြို့ပေါ်တွင် ပြန်ကြားရေး သတင်းဌာန၏  သတင်းထုတ်ပြန်ချက်များအရ မိမိတို့သိရှိသည်မှာ NLD အမတ်ဟောင်း ဖြိုးဇေယျာသော်၏ ခိုင်းစေချက်များကြောင့် သေဆုံးရသူ၊ ပျက်စီးဆုံးရှုံးမှုများ များစွာဖြစ်နေကြောင်း၊ ဖြိုးဇေယျာသော် နှင့်ပတ်သက်၍ မည်သည့်အမှုများ ဖွင့်လှစ်ထားပါသလဲ၊ ၎င်းက ပြည်တွင်း၌ရှိပါသေးသလား၊ ပြည်ပကို ထွက်ပြေးသွားပြီလား ဆိုသည်ကို သိလိုကြောင်း၊  နောက်တစ်ချက်အနေဖြင့် NLD ၊ PDF အကြမ်းဖက်သူများ၏ ရန်ပြု စော်ကားခံနေရသည့် ပြည်သူများအတွက် ကူညီဆောင်ရွက်ပေးနေမှု အခြေအနေများ၊ လယ်ယာမြေ သိမ်းဆည်းခံရသည့်ကိစ္စများ ဆောင်ရွက်နေသည့် အခြေအနေများ ကို ဖြေကြားပေး၍ ရသလောက် ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက NUG အမည်ခံ အကြမ်းဖက်အဖွဲ့များကို နိုင်ငံခြားကနေ ကူညီပံ့ပိုး နေသည့်သူများ၊ နိုင်ငံခြားမှာရှိနေသူများက  မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ပေးပို့နေသူများ ရှိကြောင်း၊ ကုလသမဂ္ဂ လူ့အခွင့်အရေး ညီလာခံတို့ကို ပေးပို့နေသည်များ ရှိကြောင်း၊ ICJ ၊ ICC တို့ကို ပေးပို့နေသည်များ ရှိကြောင်း၊ ၎င်းတို့နှင့် ပတ်သက်ပြီး နံပါတ်တစ် အချက်သတင်းများနှင့် ပတ်သက်ပြီး သတင်းအမှန်အတိုင်း ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ အချို့ နိုင်ငံကြီးများ၊ အချို့အဖွဲ့အစည်းများ၊ ပြည်ဖျက်မီဒီယာများကို အခြေခံပြီး ရေးသားနေမှုများ ရှိကြောင်း၊ မြန်မာနိုင်ငံအတွင်း မည်သူက အကြမ်းဖက် လုပ်ငန်းများ ဆောင်ရွက်နေသည်၊ မည်သူက အပြစ်မဲ့ပြည်သူလူထုကို သတ်နေသည်ကို သက်သေ အထောက်အထားများ ခိုင်ခိုင် လုံလုံရှိကြောင်း၊ ထို့ကြောင့် သက်ဆိုင်သည့် အဖွဲ့အစည်းများက သက်ဆိုင်ရာ တရားဝင် လမ်းကြောင်းအတိုင်း တောင်းခံလာပါက ဖြေရှင်းပေးရန် အသင့်ရှိသည်ဟု ပြောလိုကြောင်း၊ ဖြိုးဇေယျာသော်နှင့် ပတ်သက်၍ ရန်ကုန်မြို့အတွင်း၌   ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများ၊ ဗုံးပေါက်ကွဲ တိုက်ခိုက်မှု အများစုက ထိုလူနှင့် ပတ်သက်နေသည်ကို တွေ့ရကြောင်း၊ ထိုလူနှင့် ပတ်သက်ပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ၊ ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှုဥပဒေစသည့် လူသတ်မှု၊ လူသေစေမှု၊ အားပေးမှုဥပဒေများနှင့် ထိုသူကို တရားစွဲဆိုထားကြောင်း၊ ထွက်ပြေး တိမ်းရှောင်နေခြင်း ဖြစ်ကြောင်း၊ ဖမ်းဆီးရမိအောင် ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း၊   လယ်ယာမြေနှင့် ပတ်သက်၍ မည်သည့်နေရာတွင် ဖြစ်သည်ကို တိတိကျကျလေး ထည့်ပေး စေလိုကြောင်း၊ လယ်ယာမြေနှင့် ပတ်သက်သည့်  လုပ်ငန်းများက ယခင်က ဒုတိယသမ္မတ ဦးဆောင်သည့် လယ်ယာမြေစီမံခန့်ခွဲမှု  ကော်မတီကို တင်ရမှုများရှိကြောင်း၊ ကိုဗစ်-၁၉ ကာလတွင် လက်တွေ့ကွင်းဆင်း ဆောင်ရွက်မှုများ နည်းနေကြောင်း၊ ထိုကိစ္စနှင့် ပတ်သက်၍ မည်သည့်နေရာတွင်ဖြစ်သည်ကို တိတိကျကျ မေးခွန်းမေးစေလိုကြောင်း၊ မိမိတို့အနေဖြင့် သက်ဆိုင်ရာကို   ပြန်လည်မေးမြန်းပြီး ပြန်လည်ဖြေရှင်း ပေးမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

နေပြည်တော်တိုင်း(မ်)  အွန်လိုင်းအေဂျင်စီမှ အယ်ဒီတာ ဦးမင်းမောင်က  ပြီးခဲ့သည့် အပတ်က နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မိန့်ခွန်းထဲမှာ  ''ပြည်ပရောက်နေသည့် ပြည်သူလူထုများ ပြည်တွင်းကို   ပြန်လာခဲ့ပါ။ ပြည်တွင်းရောက်ရင်လည်း ဆိုးသမျှဒဏ်များကို ကျွန်တော်တို့ သည်းခံပြီး ထိန်းသိမ်းပေးပါမယ်'' ဟုပြောကြားသွားခြင်းကို သိရှိထားပါကြောင်း၊ ပြည်ပရောက်ပြည်သူများ ပြန်ရောက်သည့်အချိန်တွင် မြန်မာနိုင်ငံအတွင်း လူဦးရေများ၊ လုပ်ငန်းရှား၊ အလုပ်လက်မဲ့မှုများသည့်အပေါ်  ပြည်သူလူထု အနေဖြင့် စားဝတ်နေရေးအတွက် မြေပြင်တွင် တော်တော်များများ ပြဿနာတက်နေပါကြောင်း၊ အချို့ထမင်းနပ်ကျော် စားနေရသည်ကို  မြေပြင်တွင် တွေ့ရပါကြောင်း၊ အချို့အလုပ်မရှိသည့်အတွက် မိသားစုတစ်စုလုံး အလုပ်ထွက် လုပ်ပြီး ရသမျှဖြင့် ချွေတာပြီး စားရသည့် အခက်အခဲများ ရှိကြောင်း၊ ဆေးဝါးကုသရန် ငွေမရှိခြင်းများ၊ ယခုကိုဗစ်ကာလတွင် ကိုဗစ်ဖြစ်ပြီး အောက်ဆီဂျင်မရသည့်အတွက် အောက်ဆီဂျင် အခက်အခဲဖြစ်ကြောင်း၊ အောက်ဆီဂျင်ဝယ်ရန် အတွက်လည်း ၎င်းတို့တွင် ငွေမရှိပါကြောင်း၊   ဆေးဖိုးမရှိသည့်အတွက် အသက်ဆုံးရှုံးမှုများ မြေပြင်တွင် တွေ့ရပါကြောင်း၊ ပြည်သူလူထု စားဝတ်နေရေး ကျပ်တည်းမှုနှင့် အခက်အခဲများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မည်ကဲ့သို့ ကူညီဖြေရှင်း ပေးသွားမည်ကို သိလိုပါကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြန်လည်ဝင်ရောက်ရေး အစီအစဉ်နှင့် ပတ်သက်ပြီး နိုင်ငံတော် ဝန်ကြီးချုပ်ပြောခဲ့သည်မှာ ပြန်လည်ဝင်ရောက်ရေးတွင် မြန်မာနိုင်ငံသူ/ နိုင်ငံသားများ ဖြစ်သည့်အတွက် လက်ခံရမည်ဖြစ်ကြောင်း၊ မလေးရှားနိုင်ငံက ပြန်လာသည့်သူများ ငွေအလိမ်ခံရ၍ မလေးရှားတွင် သောင်တင်နေခြင်းကြောင့် တပ်မတော်က နိုင်ငံတော်စရိတ်ဖြင့် ပြန်ခေါ် လာရခြင်းများ ရှိပါကြောင်း၊ ၎င်းတို့အနေဖြင့် ကျေးဇူးတင်ကြပါကြောင်း၊ ပြည်ပနိုင်ငံတွင် စားစရာသောက်စရာမရှိဘဲ နေမည့်အစား မြန်မာနိုင်ငံကို ပြန်လာနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံကို ပြန်ရောက်လာပြီး ''ပြဿနာ အရှာခံရင်ခံရပါစေ'' ပြန်ခေါ်မည်ဖြစ်ကြောင်း၊ အမှန်တကယ်လည်း အရှာခံလိုက်ရသည့် ဇာတ်လမ်းများ ရှိပါကြောင်း၊ မလေးရှားကနေ မလေးရှားထောင်ထဲတွင် ဒုက္ခရောက်နေသည့်သူများကို သင်္ဘောနှစ်စင်းဖြင့်ပြန်ခေါ်လာပြီး ဘယ်မှမရောက်သေးဘဲ နိုင်ငံတော်နှင့် တပ်မတော် က ကျွေးထားပြီး Quarantine  Center တွင် ရှိနေချိန်တွင် ပြဿနာရှာခဲ့သည်များ ရှိပါကြောင်း၊ လက်တွေ့ဖြစ်ပါကြောင်း၊စင်တာတွင် နေထိုင်ပြီး အစိုးရဆန့်ကျင်ရေး လှုံ့ဆော်မှုများ တွေ့ရကြောင်း၊ ထိုအရာများကိုလည်း အရေးယူခြင်း မလုပ်ဘဲ သည်းခံခဲ့ကြောင်း၊ နောင်လာမည့် သူများလည်း ပြန်လည်ခေါ်ဆောင်လျက် ရှိကြောင်း၊ ပြည်သူလူထု၏ စားဝတ်နေရေး အကျပ်အတည်း အနေဖြင့် အထိုက်အလျောက် ဈေးတက်မှုများ၊ ငွေကြေးဖောင်းပွမှုများကြောင့် ရှိကောင်းရှိနိုင်ပါကြောင်း၊ လက်ရှိတာဝန်ယူထားသည့် အစိုးရအနေဖြင့် အတိတ်သမိုင်းကို လက်ညှိုးထိုးနေမည် မဟုတ်ကြောင်း၊ ထိုးရန်အတွက်အချိန်မရှိပါကြောင်း၊ တတ်နိုင်သမျှအကောင်းဆုံးဖြစ်ရန် စားနပ်ရိက္ခာဖူလုံရေးနှင့် တိုင်းပြည်သာယာ ဝပြောရေးအတွက် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

 

Myanmar National Post သတင်းဌာနမှ သတင်းထောက် ဒေါ်ဆွေဇင်ဦးက မြန်မာနိုင်ငံသည် တိုင်းရင်းသား လက်နက်ကိုင်များသည့် နိုင်ငံဖြစ်သည့်အပြင် PDF များက မြို့ပေါ်အထိ လက်နက်စွဲ ကိုင်ပြီး ပြည်သူလူထုများကို ဒုက္ခပေးနေသည့် အနေအထားတွင် ရှိနေပါကြောင်း၊ တပ်မတော် အင်အားရှိမှ တိုင်းပြည်အင်အားရှိမည် ဆိုသည်နှင့်အညီ တပ်မတော်အင်အား ရှိရန်အတွက် လိုအပ်လာသည့် အချိန်ဖြစ်ပါကြောင်း၊ သာမန်အထည်ချုပ်စက်ရုံက အမျိုးသမီးတစ်ယောက်၏ အလုပ်ချိန် ၈ နာရီတွင် ၄၈ဝဝ  ကျပ်ရှိပါကြောင်း၊ တပ်မတော်သားများ၏ လစာသည် ၄၈ဝဝ ကျပ်မရှိပါကြောင်း၊ လွှတ်တော်ထဲက လွှတ်တော်ကိုယ်စားလှယ်များ၏ လစာသည်  ၁ဝ သိန်းအပြင် နေစရိတ်စားစရိတ် စရိတ်ငြိမ်းဖြစ်ပါကြောင်း၊  တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ် များ၏ လစာသည် ပုံမှန်လစာဖြစ်ပါကြောင်း၊ အရပ်ဘက်စစ်ဘက်ကို ညှိနှိုင်းပြီး တပ်မတော်အကြီးအကဲများက  တပ်မတော်သားများ တပ်မတော်အတွင်း အနေပျော်အောင် အခြေခံလစာကို ညှိနှိုင်းပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် မကြာခင်ကျောင်းများ ပြန်ဖွင့်မည်ဖြစ်၍ ဘုန်းတော်ကြီး ပညာသင်ကျောင်းများကလည်း အရေးပါပါကြောင်း၊ ပညာရေးအတွက်  ပညာရေးဝန်ကြီးဌာန ဘတ်ဂျက်ဖြင့် သုံးရန်အစီအစဉ်  ရှိ၊ မရှိ သိလိုပါကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက တပ်မတော်သားများ၏ လစာနှင့်ပတ်သက်ပြီး တိုးမြှင့်ပေးရန် အစီအစဉ် မရှိသေးပါကြောင်း၊ တိုင်းစစ်ဌာနချုပ်များအလိုက်၊ တပ်ရင်း/ တပ်ဖွဲ့များအလိုက်တပ်မတော်သားများ၏ သက်သာချောင်ချိရေးနှင့် ပတ်သက်ပြီး သီးသန့်ရန်ပုံငွေဖြစ်ကြောင်း၊ သီးသန့်ရန်ပုံငွေသည် နိုင်ငံတော်၏ ဘတ်ဂျက်မှမဟုတ်ပါကြောင်း၊  ယခင်ကတည်းက တပ်များတွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့ပါကြောင်း၊ အဓိက လုပ်ဆောင်ရာတွင် တပ်မိသားစုများ၊ တပ်ပတ်ဝန်းကျင်တွင်ရှိသည့် ပြည်သူ/ပြည်သားများ၊ နိုင်ငံသူ/နိုင်ငံသားများ စားဝတ်နေရေး ချောင်လည်စေရေး၊ လတ်လတ် ဆတ်ဆတ်စားရန်၊ မှန်မှန်ကန်ကန်စားရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ပိုလျှံသည်များကို ပြင်ပတွင်ဝန်ထမ်းများကို ရောင်းချပေးခြင်း ဖြစ်ကြောင်း၊ အဆိုပါအလုပ်များနှင့်   တည်ဆောက်ထားသည့် ရန်ပုံငွေများနှင့် တပ်မတော်သား များ၏ သက်သာချောင်ချိရေးကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုအတိုင်းသာဆောင် ရွက်မည်ဖြစ်ပါကြောင်း၊ လစာတိုးပေးရန် မရှိပါကြောင်း၊ ဘုန်းတော်ကြီး ပညာသင်ကျောင်းများနှင့် ပတ်သက်ပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် သီးခြားဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးရန် မရှိပါကြောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်ပေးလျက်ရှိပြီး ဆက်လက်ဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း၊ ထို့ပြင် တိုးမြှင့်ဆောင်ရွက်မည့် အစီအစဉ်ကိုလည်း လုပ်ဆောင်ပြီးဖြစ်ပါကြောင်း၊ သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်များက ဘုန်းတော်ကြီး ပညာသင်ကျောင်းများကို ဦးစားပေး လုပ်ဆောင်ပေးရန် ပြောနေကြသည်မှာမှန်ပါကြောင်း၊ မိမိတို့၏ အခြေခံပညာရေးစနစ်သည် ဘုန်းတော်ကြီးပညာသင်ကျောင်း များဖြစ်ပါ ကြောင်း၊ အဆင့်ဆင့်တင်ပြမှုကြောင့် အတိုင်းအတာတစ်ခုထိ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနတွင် ရရှိပြီးဖြစ်ပါကြောင်း၊ ကျောင်းဖွင့်သည့်အချိန်တွင် တွေ့ရမည်ဟု ပြောလိုပါ ကြောင်း ပြန် လည်ဖြေကြားသည်။

 

NHP သတင်းဌာနမှ အယ်ဒီတာချုပ် ဦးဝင်းဦးက လက်ရှိစီးပွားရေး ပြန်လည် ထူထောင်ရန်အတွက် မိမိတို့နိုင်ငံအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး နိမ့်ကျဆဲ အခြေအနေ တွင်ရှိသေးကြောင်း၊ ကိုဗစ်ဖြစ် လာသောကြောင့် အမေရိက၊ ရုရှားလို ဖွံ့ဖြိုးပြီးနိုင်ငံ များတွင် Mask တပ်သည့် အနေအထားမရှိ သလောက်နည်းပါးပြီး ကိုဗစ်နှင့်အတူ နေထိုင်သူများ ဆိုသည့်ပုံစံမျိုးဖြင့် ၎င်းတို့၏စီးပွားရေး လုပ်ငန်းများကို  ဆက်ပြီးလုပ်သည့် အတွက်  ၎င်းတို့တွင် စီးပွားရေးယိုင်လဲမှု အခြေအနေမျိုး မဖြစ်ပေါ်ခဲ့ကြောင်း တွေ့ရပါကြောင်း၊ အဓိက၎င်းတို့နိုင်ငံများသည် ချမ်းသာသည့်နိုင်ငံများ ဖြစ်သောကြောင့်  ကိုဗစ်ဖြစ်လာသည့် ပြည်သူများ အပေါ်ကို ကျန်းမာရေး စောင့်ရှောက်မှု အပြည့်အဝ အကုန်လုံး  အစိုးရကပေးနိုင်ပါကြောင်း၊ မိမိတို့နိုင်ငံ၌လည်း အစိုးရကနေပြီး အားလုံးကို ပေးနေပါကြောင်း၊ ကျန်းမာရေး စောင့်ရှောက်မှုကို အခမဲ့ပေးနေခြင်းရှိကြောင်း၊ ကွာခြားချက်အနေဖြင့် ဆေးရုံနှင့် ကိုဗစ်စင်တာများသည် မမျှတ၊ မလုံလောက်ဖြစ်နေပါကြောင်း၊ အကယ်၍လုံလောက်ပြီး ကျန်းမာရေးစောင့် ရှောက်မှုများကို ယခုထက်ကောင်းအောင် ဆက်လက်ပေးလာနိုင်ပြီးလုံလုံလောက်လောက်လည်း ထားပေးနိုင်မည်ဆိုလျှင် လုပ်ငန်းများက ပုံမှန်လည်ပတ်မှု၊ စီးပွားရေး လုပ်ငန်းအကုန်လုံး  ပြန်ပြီးလုပ်ဆောင်၍ ရမည့်အနေအထားကိုလည်း  တွေ့ရပါ ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ကိုဗစ်ရောဂါ၊ ပြင်းထန်ရောဂါ၊ အထွေထွေရောဂါဖြစ်သည်များကို သီးခြားစီခွဲပြီး  ဆေးရုံများ၊  ကုသသည့် စင်တာများ ယခုနှစ်ထဲတွင် တိုးမြှင့်လုပ် ဆောင်ရန်အစီအစဉ် ရှိ/မရှိ သိလိုပါကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက ကိုဗစ်နှင့်ပတ်သက်ပြီး ရုရှား၊ အမေရိကန်တို့လို ဖွံ့ဖြိုးပြီး နိုင်ငံများကို အတုယူ၍မရပါကြောင်း၊ ၎င်းတို့၏ ကျန်းမာရေးစနစ်နှင့် မိမိတို့၏ ကျန်းမာရေးစနစ် မတူပါကြောင်း၊ ထို့ပြင် ၎င်းတို့၏ ကျန်းမာကြံ့ခိုင်မှု အနေအထားနှင့် မိမိတို့၏ကျန်းမာကြံ့ခိုင်မှု အနေအထား မတူပါကြောင်း၊ မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်းသည် ၆၈ နှစ်ခန့်သာရှိကြောင်း၊ ၎င်းတို့နိုင်ငံ၏ မျှော်မှန်းသက်တမ်းက ၇ဝ/၈ဝ နှစ်ရှိသည့် နိုင်ငံဖြစ်ပါကြောင်း၊ ကျန်းမာကြံ့ခိုင်မှု လည်း ကွာပါကြောင်း၊ လူကောင်ချင်းလည်း ကွာပါကြောင်း၊ မြန်မာနိုင်ငံက ကိုဗစ်ဖြစ်သည့်သူနှင့် တခြားနိုင်ငံက ကိုဗစ်ဖြစ်သည့် သူများကလည်း မတူပါကြောင်း၊ ကိုဗစ်နှင့် အတူယှဉ်တွဲ နေထိုင်ခြင်းသည် မဖြစ်မနေ လုပ်ရမည့်လုပ်ငန်းဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်ဝန်ကြီးချုပ် အနေဖြင့် လက်တွေ့ ကျကျဆောင်ရွက်လျက်ရှိကြောင်း၊ ကိုဗစ်  စင်တာများနှင့်ပတ်သက်ပြီး ပုဂ္ဂလိကများ၊ ပြည်သူလူထုအကျိုးဆောင်လုပ်ငန်းများကို ပါဝင်ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း၊  ရန်ကုန်တွင်လည်း ကိုဗစ်စင်တာများ ဖွင့်ခဲ့သည်ကို သိရှိကြပြီးဖြစ်ပါကြောင်း၊ လက်တွေ့လုပ်ဆောင်နေသော လုပ်ငန်းသည် အနည်းဆုံး  မြို့နယ်/ခရိုင်အဆင့်တွင် လမ်းပန်း ဆက်သွယ်မှု ခက်ခဲလျှင် မြို့နယ် အဆင့်၊ ခရိုင်အဆင့်အားလုံးတွင် အရေး ပေါ်အခြေအနေ ဖြစ်လာလျှင် ရသင့်ရထိုက် သည်ကို ရရှိနိုင်ရန်အတွက် အောက်ဆီဂျင် ထုတ်လုပ်သည့်စက်များ တပ်ဆင်လျက်ရှိကြောင်း၊ မဖြစ်မနေရှိရမည်ဟု တပ်ဆင်လျက်ရှိပါကြောင်း၊ ကိုဗစ်နှင့် ပတ်သက် ပြီး ထားရမည့် အထူးကြပ်မတ်ကုသရမည့် နေရာများကို ခရိုင်အဆင့်/ မြို့နယ်အဆင့် များနေရာ တိုင်းတွင် ထားလျက်ရှိပါကြောင်း၊ သီးခြားဆောင်ရွက်လျက် ရှိပါကြောင်း၊ ထို့ပြင်  ခရိုင်သည်  ခရိုင်အဆင့်နှင့်တူ အောင်၊ မြို့နယ်သည် မြို့နယ်အဆင့်နှင့် တူအောင် ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန်းမာရေးမြှင့်တင်မှု လုပ်ငန်းများကို မြို့ကြီးပြကြီးတင်မက ကျေးလက်များအထိ အရောက် ဆောင်ရွက်လျက် ရှိကြောင်း  ပြန်လည်ဖြေကြားသည်။

 

VOA သတင်းဌာနမှ သတင်းထောက် ဦးစည်သူနိုင်က  Frontier မဂ္ဂဇင်းတွင် လုပ်ခဲ့သည့် အမေရိကန်သတင်းထောက် ဒန်နီဖာစတာ၏  အခြေအနေကိုမေးလို ကြောင်း၊ ဖြေလို့ရသလောက် ဖြေပေးလိုစေကြောင်း၊ အဆိုပါသတင်းထောက်၏ လက်ရှိ ကျန်းမာရေး အခြေအနေအပါအဝင် ၎င်းကို စွဲဆိုထားသည့် အမှုများအကြောင်းကို ရှင်းရှင်းလင်းလင်း သိလိုပါကြောင်း၊ ၎င်းကို ဖမ်းဆီးစစ်ဆေးထားသည်မှာ လနှင့်ချီနေပြီဖြစ်ကြောင်း၊ အထူးသဖြင့် သတင်းထောက် တစ်ယောက်အနေဖြင့် သတင်းအချက် အလက်နှင့်ဆိုင်သည့် သတင်းသမားတစ်ယောက်၏ လုပ်ပိုင်ခွင့်ထက်ဘောင်ကျော်၍တစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်းမျိုး စစ်ဆေးတွေ့ရှိခြင်းရှိ/မရှိ သိလိုကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထောက်များနှင့် ပတ်သက်ပြီး သတင်းထောက်များသည် သတင်းထောက် အလုပ်သာ မျှမျှတတ လုပ်ဆောင်မည်ဆိုပါက ဖမ်းဆီးစစ်ဆေးရန် အကြောင်းမရှိကြောင်း၊ ၎င်းသတင်းထောက် အနေဖြင့် သတင်းထောက် လုပ်ငန်းများထက် ကျော်လွန်ဆောင်ရွက်ခဲ့ခြင်းများ ရှိခဲ့ခြင်းကြောင့် ဖမ်းဆီးစစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်း၏ကျန်းမာရေး အခြေအနေ ကောင်းမွန်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခြင်း/ မထိုးခြင်းနှင့် ပတ်သက်ပြီး အကျဉ်းထောင်တွင်ရှိနေသည့် အကျဉ်းသားများ၊ အချုပ်သားများ အားလုံးကို  ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိကြောင်း၊ ထိုးခြင်း/ မထိုးခြင်းသည် ၎င်း၏ဆန္ဒသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

VOA သတင်းဌာနမှ သတင်းထောက် ဦးစည်သူနိုင်က ၎င်းသတင်းထောက်ကို အမှုစွဲထားခြင်းမျိုး ရှိပြီးဖြစ်ပါသလား၊ အမှု စွဲထားပါက မည်သို့စွဲဆိုထားသည်ကို သိလို  ကြောင်းမေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက အဆိုပါအမေရိကန် သတင်းထောက်ကို အမှုစွဲထားပြီးဖြစ်ကြောင်း၊ ထိန်းသိမ်းထားရမည့် အခြေအနေဖြစ်သဖြင့် ၎င်းကိုထိန်းသိမ်းထားရခြင်းဖြစ်ကြောင်း၊ ကျန်သည့် ကိစ္စများကို ဖြေနိုင်သည့် အချိန်တွင် ပြန်လည် ဖြေကြားပေးမည်ဖြစ် ကြောင်း ပြန်လည်ဖြေကြားသည်။

 

တဲ့ပြော အွန်လိုင်းသတင်းမီဒီယာမှ အယ်ဒီတာချုပ် ဦးဇော်ရဲထက်(ခ)ဦးဇော်မင်းဦးက ယခင်  NLD အစိုးရလက်ထက်က အဂတိလိုက်စားမှုများကို လိုက်လံဖော်ထုတ် သဖြင့် ပုဒ်မ-၅ဝ၅(ခ)ဖြင့် ဖမ်းဆီးထောင်ချ ခံခဲ့ရပြီး မကြာသေးမီက လွတ်လာခဲ့သဖြင့် သတင်းစာရှင်းလင်းပွဲကို ယခု ပထမဆုံး အကြိမ်အဖြစ် တက်ခွင့်ရခြင်းဖြစ်ကြောင်း၊ ယခုငွေကြေးဖောင်းပွနေသည့် ကိစ္စများ၊ မြန်မာငွေကြေးတန်ဖိုး ကျဆင်းနေသည့်ကိစ္စများ၊ နိုင်ငံခြားငွေများ အဆမတန်တန်ဖိုး မြင့်တက် လာသဖြင့် မြန်မာနိုင်ငံတွင်ရှိသည့် စီးပွားရေး လုပ်ငန်းရှင်များ၊ ကုမ္ပဏီများနှင့် အခြေခံ လူတန်းစား များအနေဖြင့် အခက်အခဲဖြစ်နေသည်ကို သိရပါကြောင်း၊ ၎င်းတအထဲတွင် အဆိုးဆုံးရင်ဆိုင် နေရသည်မှာ ဘဏ်များ၏ ငွေကြေးစီးဆင်းမှုများကြောင့် အများဆုံး ခံစားနေရသည်ကို  တွေ့ရပါကြောင်း၊ အဓိကဖြစ်ပေါ်နေသည့် အခက်အခဲမှာ နိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဖြစ်သူက ၂ဝ၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့တွင် ပြောခဲ့သည့်စကားအရ နိုင်ငံတော်၏ စီမံကိန်းဆောင်ရွက်နေသည့် ကုမ္ပဏီများကို တစ်ပတ်လျှင် ငွေကျပ်သိန်း ၂ဝဝ ထုတ်ပေး မည်ဖြစ်ကြောင်းနှင့်  လူတစ်ဦးချင်းစီကို သိန်း ၂ဝ ထုတ်ပေးမည်ဟုပြောပါကြောင်း၊ သို့သော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ပေးထားသည့် ကတိကဝတ်နှင့်  အောက်ခြေတွင် ဖြစ်ပျက်နေသည့် အခြေအနေမှာ ကွဲလွဲနေ ပါကြောင်း၊ အမှန်တကယ် ကရင်ပြည်နယ်၌ တစ်ပတ်လျှင် ငွေကျပ်သိန်း ၅ဝ သာရရှိပါကြောင်း၊ သို့သော် ယခုလတွင် သိန်း ၁ဝဝ ထုတ်ပေးပါကြောင်း၊ မော်လမြိုင်ဘဏ်တွင် သိန်း ၃ဝ ထုတ် ပေးကြောင်း၊ နေပြည်တော်ဘဏ်နှင့် ရခိုင်ပြည်နယ်ဘဏ်များတွင် ၁ဝ သိန်းသာ ထုတ်ပေးပါကြောင်း၊  သို့ဖြစ်၍ အစိုးရဘဏ်မှ  အစိုးရ၏ လုပ်ငန်းများကို ဆောင်ရွက်နေသည့် ကုမ္ပဏီများ အနေဖြင့် ရသင့်ရထိုက်သည့် ပိုက်ဆံကို အချိန်မီမရရှိ သည့်အတွက် ယခုဒေါ်လာဈေးမြင့်တက် လာသည့်အခါတွင် ၎င်းတို့အတွက် အများ အပြားနစ်နာပါကြောင်း၊ ကုမ္ပဏီအချို့မှာ ရပ်ဆိုင်းမည့် အခြေအနေဖြစ်နေပါကြောင်း၊ ထိုကုမ္ပဏီများ ရပ်ဆိုင်းမည်ဆိုပါက ယင်းကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်နေသည့် ပညာတတ်လူငယ်များ၊ အခြေခံလူတန်းစားများအနေဖြင့် အလုပ်လက်မဲ့ ဘဝကိုရောက် တော့မည်ဖြစ်ကြောင်း။

 

တစ်ဆက်တစ်စပ်တည်း ယခုဖြစ်ပျက်နေသည့်  စီးပွားရေး ကပ်ဆိုက်နေခြင်းနှင့် ဒလန်ဆိုပြီး စွပ်စွဲ၍  သတ်ဖြတ်နေကြသည့်ကိစ္စများ၊ ကိုဗစ်-၁၉ ကပ်ရောဂါ ဖြစ်ပေါ်နေခြင်းတို့ကြောင့်  အလုပ်လက်မဲ့များများပြားလာပါကြောင်း၊ ၎င်းတို့တွင် သုံးစွဲစရာ ငွေကြေးလည်း မရှိကြကြောင်း၊ သို့ဖြစ်၍ သုံးလခန့် ရေခွန်၊ မီးခွန်များကို ကင်းလွတ်ခွင့်ပေးပြီး အခြားမလိုအပ်သည့်  စီမံကိန်းအချို့ကို  လျှော့ချလိုက်မည်ဆိုပါက နိုင်ငံသူနိုင်ငံသားများ၏ ရင်ထဲတွင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဆိုတာ အမြဲ ရှိနေလိမ့်မည်ဟု မိမိအနေဖြင့်ထင်မြင်မိပါကြောင်း၊ ထိုသို့လုပ်ဆောင်ပေးရန် အစီအစဉ် ရှိ/မရှိသိလိုကြောင်း၊ ယခုမဖြေနိုင်သေးပါကလည်း ဖြေနိုင်သည့်အချိန်တွင် သတင်းစာကတစ်ဆင့် ဖြေကြားပေးစေလိုကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက ဗဟိုဘဏ်အနေဖြင့် လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် တစ်ပတ် လျှင် အများဆုံးငွေကျပ်သိန်း ၂ဝ၊ ကုမ္ပဏီ အဖွဲ့အစည်းများကို တစ်ပတ်လျှင် အများဆုံး ငွေကျပ်သိန်း ၂ဝဝ ထုတ်ပေးရန် မတ်လ ၁ ရက်နေ့က ညွှန်ကြားထားခဲ့ကြောင်း၊ အဆိုပါ ညွှန်ကြားချက် အထဲတွင် လုပ်ခလစာကိစ္စ၊ ပင်စင်ကိစ္စ၊ လူမှုရေးအကျိုးခံစားခွင့်များကို ကန့်သတ်ထားခြင်း မရှိကြောင်း၊ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရန်အတွက်လည်း ဗဟိုကော်မတီမှ တစ်ဆင့် တင်ပြလာသည့်  စက်ရုံ၊  အလုပ်ရုံများ၏ ဝန်ထမ်း လစာနှင့်  ကုန်ကြမ်းပစ္စည်း ဝယ်ယူရေး ဆောင်ရွက်ရာတွင် အဆင်ပြေစေရန် ဘဏ်များနှင့် ညှိနှိုင်းဆောင်ရွက် ပေးလျက် ရှိပါကြောင်း၊ ပြည်သူလူထုအနေဖြင့်လည်း   Digital Payment နှင့် ပိုမိုဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊  ပုဂ္ဂလိကထုတ်သည့် အတိုင်းအတာ ပမာဏများ၊ ကုမ္ပဏီများမှ ကုန်သွယ်မှု၊ ကုန်စည် စီးဆင်းမှု မြန်ဆန်စေရန်နှင့် စက်ရုံ၊ အလုပ်ရုံ ဝန်ထမ်းလစာများ၊ ကုန်ကြမ်းပစ္စည်းများနှင့် ပတ်သက်၍ ငွေထုတ် ယူရာတွင် အဆင်ပြေစေရန် ဘဏ်များနှင့် ညှိနှိုင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ အဆင်မပြေမှုများရှိပါက ဗဟိုဘဏ်နှင့် တိုက်ရိုက်ဆက်သွယ် တိုင်ကြားနိုင်သည်ဟု ပြောလိုပါကြောင်း၊ မီတာခကိစ္စကိုတော့ မိမိ အနေဖြင့် ယခုအချိန်တွင် ပြော၍မရသေး ပါကြောင်း၊ အဆိုပါကိစ္စကို  မိမိအနေဖြင့် အထက်လူကြီးအား ပြန်၍သတင်းပို့တင်ပြ ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

 

သူရိယနေဝန်းဂျာနယ်မှ CEOဦးမိုးဟိန်း က မိမိမေးလိုသည့် မေးခွန်းသည် မြန်မာနိုင်ငံသူ နိုင်ငံသားများနှင့် ကမ္ဘာ့နိုင်ငံသားများကပါ စောင့်ကြည့်နေသည့် ကုလသမဂ္ဂ မြန်မာနိုင်ငံ ထိုင်ခုံ နေရာတွင် လက်ရှိနိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရကို အသိအမှတ်ပြုရေး/ မပြုရေး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေကပါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အိမ်စောင့်အစိုးရကို အသိအမှတ်ပြုရေး/မပြုရေးနှင့် ပတ်သက်ပြီး နိုင်ငံတကာနှင့် ပြည်တွင်းတွင် စိတ်ဝင်စားမှု အပေါ် လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အိမ်စောင့်အစိုးရအနေဖြင့် အသိပေးလိုသည်များ၊ ပြောကြားလိုခြင်းများရှိပါက သိလိုပါကြောင်း မေးမြန်းသည်။

 

ဗိုလ်ချုပ်ဇော်မင်းထွန်းက ပထမဦးဆုံး နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံများနှင့် ပတ်သက်ပြီး ပြောလိုပါကြောင်း၊ မြန်မာနိုင်ငံသည်  ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံလည်းဖြစ်ကြောင်း၊ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံသည် ကုလသမဂ္ဂကို “United Nation” ၊ အာဆီယံကို “Association Of  South East Asian Nations” ဟု ခေါ်ခြင်းဖြစ်ကြောင်း၊ သတိထားရမည်မှာ Nation  များဖြစ်ကြောင်း၊ United Government   များ မဟုတ်ကြောင်း၊ Association မှာလည်း Government Association  မဟုတ်ပါကြောင်း၊ Nation  များဖြစ်ပါ ကြောင်း၊ UN နှင့် ASEAN သည် နိုင်ငံများ၏ အစုအဖွဲ့များ ဖြစ်ကြောင်း၊ အစိုးရများ အစုအဖွဲ့ မဟုတ်ပါကြောင်း၊ ကုလသမဂ္ဂအဖွဲ့ဝင်၊ အာဆီယံအဖွဲ့ဝင်များသည် နိုင်ငံများသာဖြစ်ကြောင်း၊ အဖွဲ့ဝင်များသည်   အစိုးရမဟုတ်ပါကြောင်း၊  ငြိမ်းချမ်းရေးကို မြတ်နိုးသည့် မြန်မာနိုင်ငံအနေဖြင့်  ကုလသမဂ္ဂပဋိညာဉ် စာတမ်းပါဝတ္တရားများအတိုင်း   လက်ခံပြီး အဖွဲ့ဝင်နိုင်ငံအဖြစ် ရပ်တည် လျက်ရှိပါကြောင်း၊ နိုင်ငံတော်၏ အစိတ်အပိုင်းဖြစ်၍ နိုင်ငံတော်နှင့် တွဲလျက်ရှိပြီး အစိုးရဆို သည်မှာ နိုင်ငံတော်၏ ကိုယ်စားကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ဝတ္တရားများကို ဆောင်ရွက် နိုင်ရန်  ကိုယ်စားပြုဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ အစိုးရဘယ်လို ပြောင်းပြောင်း အချုပ်အခြာ အာဏာကို ပိုင်စိုးသည့်နိုင်ငံတော်က တည်ရှိမြဲတည်ရှိနေမည်ဖြစ်ကြောင်း၊ အစိုးရမည်သို့ ပြောင်းပြောင်း   မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း၊ လက်ရှိ မြန်မာနိုင်ငံအစိုးရသည် ရွေးကောက်ပွဲ မဲမသမာမှုဖြစ်ပွားခဲ့ခြင်းကြောင့် နိုင်ငံရေးအရ အရေးပေါ်အခြေအနေကြေညာပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ နိုင်ငံတော် တာဝန်ကို ရယူထားခြင်းကြောင့် ဥပဒေကြောင်းဆိုင်ရာအရ တရားဝင်မှုရှိသည့်  တရားဝင်အစိုးရ ဖြစ်ပါကြောင်း၊ နိုင်ငံတော်ကို ကိုယ်စားပြုပြီး ကုလသမဂ္ဂနှင့် အာဆီယံကို ပါဝင်ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ၎င်းသည် မိမိတို့အစိုးရ၏ သဘောထားဖြစ်ပါကြောင်း၊  အာဆီယံ သဘောတူညီချက် ၅ ချက်နှင့်ပတ်သက်ပြီး ပြောလိုပါကြောင်း၊   အာဆီယံသဘောတူ ညီချက် ၅ ချက်၏ ပထမအချက်အနေဖြင့် ပြင်းထန်သည့်လုပ်ဆောင်မှု၊ အကြမ်းဖက်သူများကို ချက်ချင်းရပ်တန့်ပြီး အခြေအနေများကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန်၊ ဆူပူဆန္ဒပြမှုများ ဖြစ်ခဲ့လျှင် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် အနည်းဆုံး အင်အားဖြင့် အခြေအနေများကို ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ယခုထိ  အဆိုပါအတိုင်း ဆောင်ရွက်လျက်ရှိကြောင်း၊ အာဆီယံ သဘောတူညီချက် ၅ ရပ်ထွက်လာပြီး ဧပြီလနောက်ပိုင်းတွင် ဆန္ဒပြမှုများ၊ ဆူပူမှုများ လျော့ကျသွားခြင်းကြောင့် ထိန်းသိမ်းမှုနှင့် အင်အားလျှော့ချမှုများ ရှိပါကြောင်း၊ သို့သော်လက်နက်ကိုင် ဆန့်ကျင်တိုက်ခိုက်မှုများ၊ သတ်ဖြတ်မှုများ၊ ဗုံးခွဲအကြမ်းဖက် တိုက်ခိုက်မှုများကို ရပ်ရွာတိုင်းတွင် တရားဥပဒေစိုးမိုးရေးကို  ပျက်ပြားအောင်  NUG  အကြမ်းဖက်အဖွဲ့က ဦးဆောင်ပြီး လုပ်ဆောင်လျက်ရှိပါကြောင်း၊ ယခုလ ၇ ရက်နေ့နောက်ပိုင်း အကြမ်းဖက် တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အကြမ်းဖက်အဖွဲ့များက  လှုံ့ဆော်မှုများ တိုးမြှင့် လုပ်ဆောင်လျက်ရှိပါကြောင်း၊ အာဆီယံ၏ လူသားချင်းစာနာမှု အကူအညီပေးရေး အချို့ကိစ္စ အကူအညီများ ရောက်ရှိနေပြီဖြစ်ကြောင်း၊ အကူအညီများကို သက်ဆိုင်ရာ ဌာနများက  ကူညီ ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊  အာဆီယံအထူး ကိုယ်စားလှယ်မြန်မာနိုင်ငံကို သွားရောက် ခွင့်ပေးရန်နှင့် ပတ်သက်ပြီး  အထူးကိုယ်စားလှယ် လာရောက်လိုမှုကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုထားပြီး ဖြစ်ပါကြောင်း၊ ခရီးစဉ်အသေးစိတ်ကို နှစ်ဖက်ညှိနှိုင်းလျက်ရှိကြောင်း၊ အနှစ်ချုပ် ပြောရလျှင် မြန်မာနိုင်ငံအနေဖြင့် အာဆီယံ သဘောတူညီချက် ၅ ချက်ကို မိမိနိုင်ငံ၏အချုပ် အခြာအာဏာ ပိုင်ဆိုင်မှုကို မထိခိုက်စေဘဲ ပြည်တွင်းတည်ဆဲ ဥပဒေနှင့်အညီ    တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း ပြန်လည်ဖြေကြားသည်။