Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ရှမ်းပြည်နယ်အတွင်းရှိ ဦးစီးဌာနနှင့်စက်ရုံများ ကြည့်ရှုစစ်ဆေး

နေပြည်တော်၊ အောက်တိုဘာ

         

စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် စက်တင်ဘာ (၃၀)ရက် မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ရှိ ရှမ်းပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန သို့ရောက်ရှိရာ ပြည်နယ်ဦးစီးမှူးနှင့် ညွှန်ကြားရေးမှူးချုပ်တို့က လုပ်ငန်းလည်ပတ် အကောင် အထည်ဖော် ဆောင်ရွက်နေမှု၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီထောက်ပံ့ဖြည့်ဆည်း ဆောင်ရွက်ပေးနေမှုနှင့် ဝန်ထမ်းရေးရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး တိုးတက်ရေး ဆောင်ရွက်ခြင်းများကို အစီအမံများ ချမှတ် ဆောင်ရွက်ရာတွင်ကြောင်း၊ စက်မှုဇုန်များတွင်ရှိသည့် အလုပ်သမားများ ကို ကျွမ်းကျင်လုပ်သားများအဖြစ် ပြုပြင်ပြောင်း လဲပေးနိုင်ရေးအတွက် သင့်တော်သည့် သင်တန်းများပေးခြင်း၊ အလုပ်အကိုင်ကျွမ်းကျင်မှု ‘စံ’ သတ်မှတ်ခြင်း၊ စစ်ဆေးအကဲဖြတ်ပေးခြင်းနှင့် အသိအမှတ်ပြု လက်မှတ်ထုတ်ပေးခြင်းတို့ကို ဆောင်ရွက် ပေးရမည်ဖြစ်ကြောင်းမှာကြားပြီး ဝန်ထမ်းများ၏ တင်ပြချက်များကို ညှိနှိုင်း ပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

         

ယင်းနောက် ပြည်ထောင်ဝန်ကြီးသည် စီမံကိန်းကြီးကြပ်မှုကော်မတီဝင် များနှင့်အတူ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)သို့ ရောက်ရှိပြီး  စက်ရုံ ပြန်လည် လည်ပတ်နိုင်ရေးအတွက် စီမံကိန်း လုပ်ငန်းများ လေ့လာဆန်းစစ်ရေးအဖွဲ့၏ အစီရင်ခံစာအပေါ် ညှိနှိုင်းအဖြေရှာ ဝိုင်းဝန်း ဆွေးနွေး သည်

           

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စီမံကိန်းကြီးကြပ်မှုကော်မတီဝင် များနှင့် တွေ့ဆုံ ဆွေးနွေးပြီး လိုအပ်သည်များမှာကြားကာ စက်ရုံခွဲများအလိုက် ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက် ရန် ကျန်ရှိမှုတို့ကို အသေးစိတ်လှည့်လည် ကြည့်ရှုစစ်ဆေး၍ ဆောင်ရွက်ရမည့် လုပ်ငန်း စဉ်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။

         

အောက်တိုဘာ (၁)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် လျှပ်စစ် နှင့် စွမ်းအင် ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးနှင့်အတူ Main Step Down Sub-Station,  Heat Recovery Power Station, Air Separation Shop တို့တွင် လျှပ်စစ်ဓာတ်အား ရယူသုံးစွဲမည့်အခြေအနေနှင့် စက်များတပ်ဆင်ပြီးစီး မှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စက်ရုံအတွင်းရှိ Romelt နည်းပညာဖြင့် ဆောင်ရွက်မည့် သံရည်ကျိုမီးဖို စတင်လည်ပတ်ပါက လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိစေရေးအတွက် မတူညီသော အရင်းအမြစ်မှ တည်ငြိမ် လျှပ်စစ် ဓာတ်အား ရရှိရေးကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သည်။

 

အောက်တိုဘာ (၂)ရက် နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်)မှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ စက်ရုံအနေဖြင့် ပြည်တွင်းရှိ သံယံဇာတများကို အသုံး ပြုပြီး သံနှင့်သံမဏိများကို ထုတ်လုပ်မည်ဖြစ် ကြောင်း၊  နိုင်ငံတော်နှင့် စက်မှု ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အထောက်အကူပြု သည့် သံနှင့်သံမဏိများကို ထုတ်လုပ်မည်ဖြစ်သော ကြောင့် စီမံကိန်း လုပ်ငန်းများအား သတ်မှတ်ချိန်အတွင်း ပြီးစီးနိုင်ရေးအတွက် ဝန်ထမ်း အားလုံးမှ ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားပြီး ဝန်ထမ်းများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ အားပေး စကား ပြောကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)