နေပြည်တော်၊ အောက်တိုဘာ (၁)
အများပြည်သူ ပျော်ရွှင်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန် အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီအစဉ်များကို တင်ဆက်လျက်ရှိ ရာ “အဥ္ဇလီအငြိမ့်” ဖျော်ဖြေပွဲကို အောက်တိုဘာ (၂)ရက်၊ စနေနေ့ ည(၈)နာရီသတင်း အပြီးတွင် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းဖျော်ဖြေမှုကို စောမင်းနောင်မှစီစဉ်ပြီး စတားဗိုလ်လှိုင်း (မြန်မာ့အသံ ဆိုင်းဝိုင်းကြီး) ၏ တီးခတ်မှုနှင့်အတူ ခေါင်းဆောင်မင်းသမီး မီမီခိုင်၊ ရှေ့ထွက်မင်းသမီး ယဉ်ယဉ်ဝေ၊ လူရွှင်တော်များ ဖြစ်ကြသည့် စောမင်းနောင်၊ ဇော်မင်းထွန်း၊ လင်းဇော်နိုင်၊ ဇင်ဝိုင်း၊ ကျော်မင်းစိုးနှင့် ကျော်သူရတို့က ဖျော်ဖြေတင်ဆက်ကြမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို အောက်တိုဘာ (၆)ရက်၊ (ဗုဒ္ဓဟူးနေ့) မွန်းလွဲပိုင်း National News အစီအစဉ်အပြီးတွင် ဒုတိယအကြိမ် ထမ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)