Skip to main content

နေပြည်တော်စည်ပင်သာယာ‌ရေး‌ကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် ဇမ္ဗူသီရိမြို့နယ် အတွင်း ပတ်ဝန်းကျင်သန့်ရှင်း၊ သပ်ရပ်၊ သာယာ၊ လှပရေး လုပ်ငန်းဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၃၀

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည် ယနေ့ နံနက် (၈) နာရီက နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၊ ဓနသိဒ္ဓိရပ်ကွက်၊ ကျွန်းရွှေမြိုင်လမ်းနှင့် အေးရိပ်မြိုင်လမ်းထောင့်၊ အ.ထ.က (၇) စာသင်‌ကျောင်းနှင့် အင်ကြင်းဈေးကြားတို့တွင် မြက်ချုံရှင်းလင်းခြင်း၊ လမ်းသန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့် အမှိုက်သိမ်းယာဉ်ဖြင့် စွန့်ပစ် အမှိုက်များ သိမ်းဆည်းနေမှုတို့အား သွားရောက်ကြည့်ရှု စစ်ဆေးသည်။

ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများသည် ဗလသိဒ္ဓိရပ်ကွက်၊ ဇေယျာ အောင်မြေလမ်းရှိ ဝန်ထမ်းအိမ်ရာ ပတ်ဝန်းကျင်နှင့် ဝဏ္ဏသိဒ္ဓိရပ်ကွက်၊ ဇေယျာအောင် မြေလမ်းနှင့် လှထိပ်ခေါင်(၂)လမ်းတို့ရှိ ဝန်ထမ်းအိမ်ရာပတ်ဝန်းကျင်၌ ချုံနွယ်ရှင်းလင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းအိမ်ရာများအနီး ဝန်းကျင်တွင် သန့်ရှင်း သပ်ရပ်မှုရှိစေရေးအတွက် အထူးအလေးထား ဆောင်ရွက်ပေးရန်၊ အမှိုက်စွန့်ပစ်မှုစနစ် စနစ်တကျရှိစေရေး ဆောင်ရွက်ပေးရန် တို့ကို မှာကြားခဲ့ပြီး လုပ်ငန်းလိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)