Skip to main content

ကျန်းမာရေးဝန်ကြီးဌာနသို့ အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်စပ်ပစ္စည်းများလှူဒါန်း

နေပြည်တော် စက်တင်ဘာ ၂၈

ကျန်းမာရေးဝန်ကြီးဌာနသို့ အလှူရှင်များမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်စပ်ပစ္စည်းများလှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာန၊ COVID-19 Central Command Center ကျင်းပသည်။

အခမ်းအနားတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်စပ်ပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ Myanmar Quarry-Infrastructure Development Public Company Limited နှင့် Novel Shinning Star Company Limited တို့မှ တာဝန်ရှိသူများက ရှင်းလင်းပြောကြားသည်။

ထို့နောက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် Myanmar Quarry-Infrastructure Development Public Company Limited မှ Oxygen Concentrator (10 L) အလုံး(၁၀၀) Novel Shinning Star Company Limited မှ PPE (Level-3) ဝတ်စုံ(၂၀၀) Pulse Oximeter အလုံး(၁၀၀) နှင့် Oxygen Concentrator () လုံးကို လွှဲပြောင်းပေးအပ်လှူဒါန်းရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း က လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ဆက်စပ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းအတွက် ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)