Skip to main content

မြဝတီမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများကို ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်၊ စားသောက်ဖွယ်ရာများ ပေးအပ်

 

နေပြည်တော် စက်တင်ဘာ ၂၇

 

ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်း စက်တင်ဘာ ၂၆ ရက်က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ယနေ့နံနက်ပိုင်းတွင် သောင်ရင်းမြစ်ရေ စိုးရိမ်ရေ အမှတ်အထက်၁၈၃ စင်တီမီတာ ကျော်လွန်ရောက်ရှိ ခဲ့သဖြင့် မြဝတီမြို့ပေါ်ရှိ အနိမ့်ပိုင်းရပ်ကွက်များ ဖြစ်သည့် အမှတ်(၁/၂/၃/၄/၅) ရပ်ကွက်များအတွင်း သောင်ရင်းမြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့သည်။

 

အဆိုပါ ရေဝင်ရောက်မှုဖြစ်ပေါ်ခဲ့သော မြဝတီမြို့ အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၃)ရပ်ကွက်မှ ရေဘေး သင့်ပြည်သူ ၇၂၇ ဦးတို့ကို အမှတ်(၃)အခြေခံ ပညာအထက်တန်းကျောင်းခွဲရေဘေး ကယ်ဆယ်ရေး စခန်းသို့ လည်းကောင်း၊ အမှတ်(၁) ရပ်ကွက်မှ ရေဘေးသင့်ပြည်သူ ၆၉၂ ဦးတို့ကို အဓိဋ္ဌာန်အောင် ဓမ္မာရုံနှင့် အမှတ်(၂) အခြေခံပညာအထက်တန်း ကျောင်းခွဲ ရေဘေးကယ်ဆယ်ရေး စခန်းသို့ လည်း “တို့ရေ အမှတ်(၃) ယ်ရေးစခန်းနယ်မြေခံကောင်း၊ အမှတ်(၂)ရပ်ကွက်မှ ရေဘေး သင့်ပြည်သူ ၃၆၃ ဦးတို့ကို အမှတ်(၂)အခြေခံပညာအလယ်တန်း ကျောင်း ရေဘေးကယ် ဆယ်ရေး စခန်းသို့ လည်း ကောင်း၊ အမှတ်(၄)ရပ်ကွက်နှင့် အမှတ်(၅)ရပ်ကွက် တို့မှ ရေဘေးသင့်ပြည်သူ ၅၅၃ ဦးတို့ကို မွန်ဘုန်းကြီး ကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်း ကျောင်း ရေဘေးကယ် ဆယ်ရေး စခန်းသို့ လည်းကောင်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ ဌာနဆိုင်ရာ များနှင့် လူမှုကူညီရေးအသင်းအဖွဲ့တို့က ပြောင်းရွှေ့နေရာချထား ပေးပြီးလိုအပ်သည်များ ကူညီကယ် ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်ပေးခဲ့သည်။

 

ထို့အပြင် ယာယီရေဘေးကယ်ရေးစခန်းများမှ ရေဘေးသင့်ပြည်သူများအတွက် ယနေ့မွန်းလွဲပိုင်းတွင် တိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများနှင့် ဌာန ဆိုင်ရာ တာဝန်ရှိသူများက ဆန် ၊ စားသောက်ဖွယ်ရာ များနှင့် သောက်ရေသန့်ဘူးများ သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

 

သတင်းစဉ်